..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Tuesday, August 19, 2008

ဘ၀ကပေးတဲ့ သင်ခန်းစာ

အို….. အသင် လောကဓံ
ဘယ်အငြိုးအတေးတွေကြောင့် ရက်ရက်စက်စက် ရိုက်ခတ်လိုက်ရတာလဲ…
ဘ၀ဆိုတဲ့ ထွက်သစ်စ ပုရစ်ဖူးလေးတွေ နဲ့ စိုပြေနေတဲ့ အပင်ငယ်လေးပါ…
ဘာကြောင့် အညွန့်လေးကို မှ ကျိုးအောင်ချိုးလိုက်ရတာလဲ……
နူးညံတဲ့အတွေးအခေါ်တွေ ပေးပါဦးလား ပလေတို ရေ…
နူးညံအောင် သွန်သင်ပေးပါဦးလား…
ဘာလို့ဒီလောက် ပြင်းထန်လှတဲ့ အတွေးကို သင်ပေးရတာလဲ …
အကိုအောပိုးဇစ်အိုင်းပြောသလို ကိုယ်တိုင်တွေ့ကြုံပီးမှ ရတဲ့ သင်ခန်းစာမျိုးပေးခဲ့တာ
မခံယူတက်ပဲ အသင့် ကိုလွှဲချတာ ငါ့အတွေးတွေ မှားနေလို့လား…
ငါ့အတွေးတွေ မရင့်ကျက်သေးလို့ မင်းကိုလွှဲချမိတာလား….
ငါမခံယူတက်သေးဘူး လောကဓံ…
အသင့်ရဲ့ အတွေးသစ်တွေ သင်ပေးရလောက်အောင် ငါ လူတော်လဲမဟုတ်ပါဘူး…..


အော်… အသင် ကံတရား
နှစ်မျိုးထည်းသော အရာကိုသာပိုင်ဆိုင်တဲ့ မင်းဆီက ကံကောင်းခြင်းတစ်ခုကိုလဲ ငါမတောင်းတခဲ့ဖူးပါဘူး…
သာမာန်အတွေးလေးတွေနဲ့ ငါ ကျေနပ်နေတာပါ…
တစ်ခုတော့ အယူခံဝင်ပါရစေ.. ကို ကံတရားရေ…
နည်းနည်းတော့ သက်ညှာပေးပါ….
အတွေးသစ်တွေ ထပ်ထည့်ပေးတဲ့ လောကဓံ..
ပြောစရာလေး တစ်ခု ကျန်ခဲ့လို့…
အတွေးတွေ ရင့်ကျက်စေလို့ ကျေးဇူးတစ်ဇူးတင်တယ်ဗျာ…..


ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

ကလေးထိန်းနည်း…

တစ်ခါက လူတစ်ယောက် သူအိမ်က ကလေးတွေ က အရမ်းဆိုးတာ... ဘယ်လိုထိန်းရမှန်းလဲ မသိတဲ့ သူပေါ့… နောက်တော့ သူက တစ်နေ့မှာ သူရဲ့သူငယ်ချင်း လူပျိုကြီးရဲ့ အိမ်ကို သွားပါလေရော… အဲဒီအချိန်မှာ သူ့သူငယ်ချင်း က မရှိဘူး … အဖေလုပ်တဲ့ အဖိုးကြီးပဲ ရှိတယ်… မင်း သူငယ်ချင်းတော့ အလုပ်နဲနဲရှိလို့ အိမ်ပြန်နောက်ကျမယ် ထင်တယ်.. အရေးကြီးရင်စောင့်လေ…တဲ့ သူကလဲ အိမ်မှာ ကလေးတွေ နဲ့ ရှုပ်တော့ စိတ်ညစ်ညစ်နဲ့ထိုင်နေလိုက်တယ်…ပြီးတော့ အဖိုးကြီး ကို သူအိမ်က ကလေးတွေ အရမ်းဆိုးလို့ သူထိန်းလို့ မရတဲ့အကြောင်းကို ပြောတယ်…. အဖိုးကြီးကလဲ သူပြောတာတွေ ကို ငြိမ်သက်စွာနဲ့ နားထောင်နေလိုက်တယ်… သူ့စကားလဲ ဆုံးရော အိမ်ရှေ့ မှာပေါက်နေတဲ့ အပင်ငယ်လေးတစ်ခု ကို လက်ညိုးညွန်ပြီးပြောတယ်…
“ဟိုး အပင်လေး က ညာဘက်ကိုစောင်းနေတယ်ကွ… မြေမနိုင်သေးဘူးထင်တယ်.. ရော့ကြိုးယူသွား .. ဘယ်ဘက်က နေ ဟိုးသစ်ပင်အကြီးဘက်ကို ခပ်သန်သန်လေး ယိမ်းပီးဆွဲထားလိုက်..”တဲ့…
ပီးတော့ ဘာစကားမှ မပြောတော့ပဲ ထွက်သွားတယ်.. နှုတ်ဆတ်စကားတောင် မဆိုတော့ဘူး…

အဲဒီသူလဲ အိမ်ပြန်သွားတယ်.. နောက်တစ်နေလဲ အဲလို ပဲ အိမ်လည်လာတယ်… အဲဒီအခါကျတော့ အဖိုးကြီးက သူ့ ကို မဆိုင်းမတွပဲ “မနေ့ က ကြိုးကို ဖြုတ်ကြည့်စမ်းကွာ.. အခြေအနေသိရအောင်..”တဲ့ … သူလဲ ကြိုးကို ဖြုတ်ကြည့်တော့ ဟော.. သစ်ပင်လေး က ဘယ်ဘက်ကို ပိုစောင်းသွားပြန်ပြီ…. “ကဲ.. ဟိုဘက်ကနေပြန်ပြောင်းဆွဲလိုက်ကွာကြိုးကို… နဲနဲ လျှော့လျှော့လေးပေါ့..” အဖိုးကြီးက ပြောပီး သူ့အလုပ်သူဆက်လုပ်နေတယ်…. နောက်တစ်နေရောက်တော့ အဲလိုပဲ အိမ်လည်လာတော့ အဖိုးကြီးက “ကဲ.. ကြိုးကိုဖြုတ်ကြည့်ကွာ ..ဘယ်လိုလဲ ကြည့်ရအောင်..”တဲ့… ဟော..အဲခါကျတော့ အပင် က ဘာမှ မပြောင်းလဲပဲ ဘယ်ဘက်ပဲ စောင်းနေတယ်.. “ ကြိုးကလျှော့တာကိုး” လို့ပြောပီး … ဒီတစ်ခါတော့ “မောင်ရင် ဘယ်လိုချည်ကြမလဲ.. မလျှော့မတင်းလေး ချည်ကြည့်ရအောင်..အပင်လေး တည့်ရုံလောက်ပေါ့…”တဲ့ … ဒီနေ့လဲ အဲဒါပဲပြောတယ်…..နောက်နေ့ အိမ်ကိုရောက်လာပြန်တော့ အပင်က ကြိုးလေးကိုဖြုတ်ခိုင်းလိုက်ပြန်တယ်… ဟော..ကြည့်လိုက်ပါ.. ဒီတစ်ခါတော့ အပင်လေး က တည့်နေပီ… ဘယ်ကိုမှ မစောင်းတော့ဘူး… အဖိုးကြီးက “မောင်ရင်.. အခြေခိုင်သွားအောင် ကပ်ပီးတော့ တုတ်လေး နဲ့ချည်ပေးကြည့်ရအောင်လေ..”တဲ့… နောက်တစ်နေ့ရောက်လာပြန်ပေါ့…. အပင်မှာ ကပ်ပီးချည်ထားတဲ့ တုတ်လေး ကို ဖြုတ်ဖို့ပြောလိုက်တော့ အပင်လေး က သန်သန်စွမ်းစွမ်းနဲ့ တည့်မတ်နေတဲ့ အပင်လေး တစ်ပင်ဖြစ်နေရော… နောက်တော့ အဖိုးကြီးက စိတ်ညစ်နေတဲ့ သူကိုပြောလိုက်တယ်… “မောင်ရင်.. ကလေးထိန်းရင် အဲလိုပဲ ကွယ့်..”တဲ့..
ပုံပြင်လေးကတော့ အဲလောက်ပဲ ….. ဘယ်လို နားလည်လဲ ဘယ်လို ထိန်းမလဲ … စဉ်းစားကြည့်ပါ… ကိုယ့်ညီ၊ ညီမလေးတွေ ကိုလဲ ထိန်းတက်လာလိမ့်မယ်… တစ်ချို့လူတွေ က လူကသာကြီးတာ.. အတွေးအခေါ်နဲ့ စိတ်က ကလေးစိတ်လေးတွေ ရှိသေးတယ်.. အဲလို လူတွေကိုလဲ ထိန်းကြည့်ပါ…. အံဝင်ကွင်ကျ ဖြစ်လာမှာပါ….
မတင်းလွန်း.. မလျှော့လွန်း.. မလျှော့မတင်းလေးပေါ့… တည်ကြည်ပီးတည့်မတ်သွားပီးဆိုရင် အခြေခိုင်သွားအောင် ပြုစုပျိုးထောင်ပေးလိုက်ပါ…..

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Monday, August 11, 2008

နောက်ဆုံးပိုင်ဆိုင်မှု….

(၁၃)ရာစု နှောင်းပိုင်းကာလ ရဲ့ မြေဆီခမ်းခြောက်မှု ကြုံခဲ့တဲ့ လူမျိုးနွယ်စု တစ်စုရဲ့အကြောင်းလေး တစ်ခုပါ….အရာခတ်သိမ်း လူအားလုံးရဲ့ စိုက်ပျိုးမြေဆီလွှာ ပျက်စီးပြီး အငတ်ဆိုးကဒ်ဆိုဒ်ရောက်နေတဲ့ အချိန်လေး တစ်ခုမှာ……လူတိုင်းလူတိုင် အငတ်ဘေးကြုံ၊ စိုက်ပျိုးမြေ မဖြစ်လို့ စိတ်ညစ်နေကြတယ်… လူမျိုးနွယ်စုရဲ့ အကြီးအကဲ ကိုယ်တိုင်လဲ ဘာမှအုပ်ချုပ်မှုအတွက် ဘာမှ အခက်အခဲတွေကြုံ.. ဘယ်နေရာမှာ ဘာပဲ စိုက်စိုက် အကုန်သေ နေတော့ သူလဲ စိတ်ညစ်တာပေါ့….
သူတို့အတွက် ဘယ်သူမှ ကယ်တင်ရှင်ဆိုတာ မရှိတော့တဲ့အခါ သူတို့ ဒီမြေကိုစွန့်ခွာသွားဖို့ အားလုံးသဘောတူညီမှု ယူခဲ့ကြတယ်.. သူတို့ဘယ်တွေကိုရွေ့ပြောင်းမလဲ .. သူတို့ရွေ့ပြောင်းတဲ့မြေကရော သူတို့ စိုက်ပျိုးတဲ့အရာတွေ အကုန် ဖြစ်ထွန်းမှာလား.. အဲဒီမြေကိုရော ဘယ်သူတွေ ပိုင်နေမှာလဲ.. ဘယ်သူတွေ နဲ့ ယှဉ်ပြိုင်ပီး လုယူရမှာလဲ.. ရာသီဥတု အတွက်ရော အားလုံးအဆင်ပြေမှာလား..
တစ်နေ့ သူတို့ဆီကို တောက်တောက်ပြောင်ပြောင် ၀တ်စုံနဲ့လူတစ်ယောက် ရောက်လာတယ်.. သူက သူ့ကိုယ်သူ မိတ်ဆတ်တယ်.. မြောက်ပိုင်းနယ်စားကြီးရဲ့ ကိုယ်ရံတော်ပါပေါ့.. သူဒီအငတ်ဘေးကို ဖြေရှင်းပေးနိုင်တယ်ပေါ့.. ဒီလူမျိုးစု ရဲ့စိုက်ပျိုးမြေအတွက်လဲ သူအားမ ခံတယ်ပေါ့.. လူမျိုးနွယ်စုအားလုံး မြောက်ပိုင်းဒေသ ကိုခရီးသွားပီး စိုက်ပျိုးမြေအတွက် နယ်မြေသစ်ကို ရှာဖွေနိုင်တယ်ပေါ့.. သူတို့အားလုံးအတွက်တော့ ဒီလူဟာ ဘုရားသခင် ရဲ့တမာန်တော်ပါပဲ… သူတို့အားလုံး ဒီမြေကို စွန့်ခွာပီး စိုက်ပျိုးမြေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ မြောက်ပိုင်းဒေသ ကို ခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်…
(၆)လလောက် ခရီးဆက်ပီးတော့ သူတို့ အတွက် စိမ်းလန်းပြီး စိုက်ပျိုးဖို့အတွက် အသင့်တော်ဆုံးမြေ နေရာကို ရှာတွေခဲ့တယ်… မြေကလဲ အကျယ်ကြီးပဲ.. သူတို့ စိုက်ချင်တဲ့ မျိုးစေ့ တွေကြဲချ စိုက်ပျိုးလို့ ရနိုင်လောက်အောင် ကိုကျယ်ပြန်တယ်…

ပြဿနာ တစ်ခု က ဒီမြေတွေကို ဘယ်သူ က ဘယ်လောက်ပိုင်တယ်ဆိုတာ ဘယ်လိုခွဲခြားသတ်မှတ်ပေးမလဲ… လူမျိုးစုရဲ့ခေါင်းဆောင်က စဉ်းစားလို့မရနိုင်သေးခင်မှာ သူတို့ မြေတွေရဲ့ အရှင်သခင်ဖြစ်တဲ့ မြောက်ပိုင်းနယ်စားရောက်ရှိလာတယ်….
သူသတ်မှတ်ပေးတာက ဒီမြေတွေ ဟာအရမ်းအရမ်းကို ဖြစ်ထွန်းတဲ့မြေပါပဲ… ဒီမြေတွေကို သူလဲ မပိုင်ပါဘူး.. ပိုင်ဆိုင်ချင်တဲ့ သူက သူပိုင်ချင်သလောက်ကို ပိုင်ဆိုင်ခွင့်ရှိပါတယ်… အတိုင်းအတာ တစ်ခုပဲ သတ်မှတ်ထားတယ်.. ဘာနဲ့တိုင်းတာသလဲ ဆိုရင် မြေကိုလိုချင်တဲ့သူက နေစထွက်ပီးဆိုတာ သူပိုင်ချင်တဲ့မြေနေရာက စပြီး ပြေးရပါ့မယ်.. သူပြေးနိုင်သလောက် က သူပိုင်တဲ့ မြေပါပဲ.. မှတ်တိုင်(၄)ခုကိုတော့ သူလိုချင်တဲ့မြေရဲ့ အရပ်လေး မျက်နှာမှာ စိုက်ထူထားခဲ့ရမှာ ဖြစ်ပါတယ်.. သူတစ်နေကုန်ပြေးလို့ နေမ၀င်ခင်မှာ သူစပြေးတဲ့ နေရာ ကို ပြန်ရောက်ဖို့တော့ လိုပါလိမ့်မယ်…. သတ်မှတ်ထားတာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ…
နောက်နေ့ဘယ်သူအရင်ဆုံးစပြေးမလဲ ဆိုရင်တော့ လူမျိုးစုရဲ့ခေါင်းဆောင် ဖြစ်တဲ့ သောမတ်ဂလေဇာ က အရင်ပေါ့… သူကအားလုံးရဲ့ခေါင်းဆောင်ဖြစ်တော့ သူ့ ကိုပဲ အရင်ဆုံးပြေးဖို့ ရွေးချယ်လိုက်တယ်.. အဲလို နဲ့ နောက်နေ့ နေစထွက်တဲ့အချိန်မှာ နယ်စားမင်း ရယ် သူနောက်လိုက်တွေ နဲ့ အတူ ရောက်ရှိလို နေပြီ… နယ်စားမင်း က သောမတ် ကို ပြောလိုက်တယ်.. “ဒီနေရာမှာ ဟောဒီက ငါ့ဦးထုပ်ချထားမယ်… မောင်မင်းဒီကနေ စပြီးပြေးပေတော့… မှတ်တိုင်တွေ စိုက်ခဲ့ဖို့လဲ မမေ့နဲ့ သောမတ်…တစ်ခုတော့ မှာလိုက်မယ်. နေမ၀င်ခင် မောင်မင်း ဒီနေရာကိုအရောက်ပြန်လာရမှာနော်..”
ကဲ… လူမျိုးစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သောမတ် စတင်ပီးပြေးပါပြီ… သူခြေလှမ်းတွေ က တကယ်ကို အားသွင်ခွန်စိုက်ပြေးလွှားနေတာပါ.. သူရှေ့မှာ တွေ့နေရတာကတော့ မိုးကုတ်စက်ဝိုင်းကြီး ပါပဲ … နေကလဲ ထွက်စပြုနေပါပီ… သူပြေးနေတာ က တကယ်မြင်းရိုင်းတစ်ကောင်ပြေးနေသလိုပါပဲ… သူစိတ်ထဲမှာလဲ တွေးနေမိတယ်.. “ဒါငါ့မြေတွေ.. ငါပိုင်မဲ့ ငါ့မြေတွေပဲ .. ငါဒီမြေမှာ ဂျုံတွေ စိုက်မယ်.. ပေါင်မုန့်အတွက် အကောင်းဆုံး ဂျုံတွေ ကိုစိုက်မယ်.. အကောင်းဆုံးပေါင်မုန့်တွေ ဖြစ်နေရမယ်…” … သူနဖူးက ချွေးတွေ စတင်ထွက်နေပီ.. သူခြေလှမ်းတွေ ကတော့ အားမာန်အပြည့်ပဲ.. သူနောက်ကို လှည့်ကြည့်လိုက်တယ်.. သူစထွက်လာတဲ့ နေရာကို သူမမြင်ရတော့ဘူး… အတော်ဝေးဝေးမှာ ကျန်နေခဲ့ပြီ.. သူဆက်ပြေးတယ်.. ပြီးတော့ မှတ်တိုင်တစ်ခု စိုက်လိုက်တယ်… ပီးတော့ လက်ယာဘက်ကို မျက်နှာမူပီး ဆက်ပြေးလိုက်တယ် .. နေမွန်းတည့်သွားပီ… သူ့အပြေးတွေ မရပ်သေးဘူး.. သူခြေလှမ်းတွေ ကလဲ ဆက်ပြီး ပြေးနေဆဲပါ.. သူအတွက်မြေကို သူလိုချင်နေတယ်.. သူဆက်ပီးပြေးနေချင်သေးတယ်..သူမရပ်ချင်သေးဘူး… အတော်အတန်ကြာတော့ သူ ရပ်လိုက်တယ်..ပြီးးတော့ မှတ်တိုင် တစ်ခု ကို ထပ်စိုက်လိုက်တယ်… ပြီးတော့ သူခဏ နားလိုက်တယ်… သူဆက်ပြေးဖို့အတွက် သူ့မှာ အားအင်တွေ ကျန်နေသေးတယ် …. ပြီးတော့ သူပြေးခဲ့တာ တွေ အတွက်လဲ ဂုဏ်ယူမိတယ်… သူဟာ မြေအများကြီး ပိုင်နေခဲ့ပီလေ…
နောက်ထပ်ခြေလှမ်းသစ်အတွက် သူအသက်ရှုသွင်းလိုက်တယ်… နေကလဲ ခြစ်ခြစ်တောင်ပူလောင်နေပါပြီ… နေမွန်းတည့်လဲ ကျော်သွားခဲ့ပြီ…ကဲ ကျန်ရှိတဲ့ ခရီးတစ်ဝက် ကို စတင်ပီးပြေးနေပါပီ…သူပင်ပန်းနွမ်းနယ်လာတာတော့ အမှန်ပါပဲ.. သူထင်ထားသလောက်တော့ သူခြေလှမ်းတွေ မမြန်တော့ဘူး ဆိုတာ သူမသိသေးပါဘူး.. သူပြေးတော့ပြေးနေတယ်.. နေကလဲ တစ်ဖြေဖြေနဲ့ စောင်းလာတာ ဆောင်းတွင်း နေလိုပေါ့… နေ၀င်တာ မြန်မယ် ဆိုတာ သူသတိထားမိတဲ့အချိန်မှာ သူတတိယမှတ်တိုင်ကို စိုက်နိုင်ခဲ့ပြီ.. ပန်းဝင်ဖို့ နေရာကို သူခြေလှမ်းတွေ ဦးတည်လိုက်ပါပြီ.. သူမှာ ကျန်ရှိတဲ့ အင်အားနဲ့ နယ်စားမင်းရဲ့ ဦးထုပ်ဆီကို သူရောက်နိုင်ပါဦးမလား .. ပုံမှန်ဆိုရင်တော့ ရောက်ရှိနိုင်ပါတယ်.. ဒါပေမဲ့ သူ့အတွက် အချိန် ဆိုတာ ရှိသေးတယ်လေ.. တကယ်လို့ နေများဝင်သွားရင် သူပြေးခဲ့တာ တွေအတွက် သူမရတော့ဘူးပေါ့.. သူ့ကိုလဲ အားလုံးက ကဲ့ရဲ့တော့မှာပေါ့.. သူထိပ်လန့်လာတယ်.. ဒါပေမဲ့ သူ့ခြေလှမ်းတွေ ရွေ့နေသေးတယ်.. သူအမြန်နှုန်းကို တင်ပြီး သူဆက်ပြေးနေတယ်.. သူနေမ၀င်ခင်ရောက်နိုင်မလား… ဆောင်းနေကလဲ တဖြည်းဖြည်းနဲ့ အောက်ကို ပြိုဆင်းလာနေပီ.. သူမောပန်းလာပြီ... တစ်ချိန်ထဲမှာပဲ သူထိပ်လန့်လာပြီ… သူခြေလှမ်းတွေ လဲ ယိုင်နဲ့နေပြီ.. အသက်ရှုလဲ မ၀သလို ခံစားနေရပြီ… သူအသက်ကို ပြေးရင် ရှုရှိုက်နေရတာ မောလှပြီ.. သူအတွက်ပန်းတိုင်ကို မမြင်ရသေးဘူး… နေကလဲ ၀င်တော့မယ် … သူ့ဘာဆိုဘာမှ မမြင်နိုင်တော့ဘူး … သူ့မှာ ပန်းတိုင်ကိုရောက်ဖို့အတွက် ဦးတည်ချက်တစ်ခု ပဲ ရှိတော့တယ်.. သူဘာကိုမှလဲ ဂရုမစိုက်နိုင်တော့ဘူး.. သူခြေလှမ်းတွေကိုလဲ အရင်ကလောက် မသွက်တော့မှန်း သူသိနေတယ်.. သူ့အတွက် အချိန်ဆိုတာ မကျန်တော့ဘူး … နေကလဲ ၀န်ရိုးစွန်းကို မေးတင်နေပြီလေး ..
ဟော .. ခပ်လှမ်းလှမ်းမှာ .. နယ်စားမင်း နဲ့ အပေါင်းအပါတွေ သူ့ကိုစောင့်နေတဲ့ တဲလေး ကို သူမြင်သွားပြီ... သူ့ခြေလှမ်းတွေ ကတော့ နှေးကွေးနေဆဲပါ.. သူဘယ်လောက်ပဲ တင်ပြီးပြေးပြေး သူ့ခြေလှမ်းတွေ က မသွက်တော့ဘူး.. ပြီးတော့ သူ့ရဲ့ အသက်ရှုသံ ကလဲ ပုံမှန်မဟုတ်တော့ဘူး .. သူ့မျက်ဝန်းမှာ လဲ မျက်ရည်တွေ ကျလာနေပြီ..နယ်စားမင်း နဲ့ အပေါင်းအပါ တွေလဲ သူ့ကို လှမ်းကြည့်နေတာ တွေ့နေရတယ်… ဒေါင်းမွေးထိုးထားတဲ့ နယ်စားမင်းရဲ့ ဦးထုပ်ကိုလဲ မြင်နေရပြီ.. သူရောက်တော့ဖို့ဘယ်လောက်မှလဲ မလိုတော့ဘူး… ဟော.. သူလဲကျသွားပြီ.. ပန်းတိုင်ကို မရောက်သေးဘူး.. သူကုန်းထတယ်… သူ့ကို အားပေးတဲ့ သူ့လူမျိုးစု ရဲ့ အသံတွေကိုလဲ နားထဲမှာ မကြားရတော့ဘူး… သူ့ခြေလှမ်းတွေ ယိုင်နဲ့ နေပါပြီ.. သူဦးထုပ်ဆီကို ရောက်တော့မှာပါ… သူ့မျက်လုံးထဲမှာ ဦးထုပ်ကလွဲလို့ အရာအားလုံးကို မမြင်တော့ပါဘူး.. သူ့ရဲ့အသက်ရှုသံတွေ ရပ်တန့်တော့မှာလား… သူလဲကျသွားပြန်ပြီ.. သူလေးဘက်ထောက်ပီး ဦးထုပ်ရှိရာကို လာနေပါတယ်.. နယ်စားမင်း ရဲ့ အသံကို လဲ သူကြားလိုက်ရတယ်… ဦးထုပ်ကို ထိလိုက်ရုံနဲ့ မောင်မင်းပြေးခဲ့သမျှက မောင်မင်းပိုင်တဲ့ မြေတွေဖြစ်သွားပီလို့.. နေကလဲ တစ်ဖြေးဖြေးနဲ့ ၀င်သွားပါပြီ… သူလက်တွေကလဲ နယ်စားမင်းရဲ့ ဦးထုပ်ကို လှမ်းထိလိုက်ပါပြီ.. သူအောင်မြင်သွားခဲ့ပါပြီ… ဟေး ဆိုတဲ့ အော်သံ ကြီးတစ်ခု ကို သူနောက်ဆုံးကြားလိုက်ရပါတယ် .. ပြီးတော့ သူဘ၀ ကြီးအမှောင်ထု ကျသွားခဲ့ပါပြီ…
နောက်တစ်နေမှာ သူ့ရဲ့ အသုဘအတွက် သူပိုင်တဲ့မြေနေရာမှာ သူ့ကို မြေမြုပ်သင်္ဂျိုလ်ရဖို့ နယ်စားမင်းကိုယ်တိုင် ရောက်လာပါတယ်… သူ့ကို မြေမြုပ်ပြီးတဲ့နောက်မှာ နယ်စားမင်း က သောမတ်ဂလေဇာအတွက် စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်… “အော်..သောမတ်.. မောင်မင်း ဘယ်လောက်ပဲ ပြေးခဲ့၊ ပြေးခဲ့.. နောက်ဆုံးတော့ မောင်မင်းပိုင်တဲ့မြေက ၈ပေ ၊ ၆ပေ ကျွင်းတစ်ကျွင်းပါပဲလား…”တဲ့…….

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Wednesday, July 16, 2008

လူနာတစ်ယောက်ရဲ့ အတွေးအခေါ်…

နေရာက ကယ်လီိဖိုးနီးယား ပြည်နယ်၊ ဆေးရုံငယ်လေး တစ်ခု.. ကျဉ်းကြပ်လှတဲ့အခန်းလေး ထဲမှာ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူမမာ နှစ်ယောက်….ဘယ်လို လူမမာ တွေလဲ ဆိုရင် တစ်ယာက်သောသူက ကုတင်ပေါ် ပက်လက် မျက်လုံးတွေ ပိတ်ထားပီး ဖွင့်လို့လဲ မရလောက်အောင် ခံစားနေရတဲ့ ဝေဒနာ ဆိုးကြုံတွေ့နေရတဲ့သူ….ကုတင်ပေါ်မှာပဲ ကျောခင်းနေရတဲ့သူ၊ နောက်တစ်ယောက်ကတော့ ကုတင်ပေါ်က ဆင်းလို့မရဘူး .. ထိုင်လို့ပဲ ရတယ်.. နှစ်ယောက်လုံးကတော့ နာတာရှည် ဝေဒနာ ဆိုးတွေ နဲ့ပေါ့….
အခန်းရဲ့ အနေအထားကလဲ အရမ်းကျဉ်းပီး ပြူတင်းပေါက်လေး တစ်ပေါက်သာရှိတယ်… တစ်ယောက်သော လူနာကတော့ ပြူတင်းဘေးက ကုတင်လေးမှာ နေရတာပေါ့… ကုတင်ပေါ်မှာ ကျောခင်းနေရတဲ့တစ်ယောက် ကတော့ ပြူတင်းပေါက်နဲ့ဝေးတဲ့ ကုတင်မှာပဲ နေရတယ်…. တစ်နေ့လုံး သူတို့ စကားတွေပြောကြတယ်.. သူတို့ သားသမီးတွေ အကြောင်း၊ စီးပွားရေးအကြောင်း၊ မိန်းမတွေ အကြောင်း… ရောက်တက်ရာရာပေါ့…. ဒီလိုပြောရင်း နဲ့ပဲ သူတို့ရဲ့နေ့ရက်တွေ ကို ဖြတ်သန်းလာကြတာ…
ဒီလိုနဲ့ နေခင်းဘက်တွေ ဆို ပြူတင်းပေါက်ဘေးက လူက ထထိုင်ပြီးတော့ သူတွေ့သမျှ မြင်သမျှကို ပြောပြတယ်.. ပက်လက်လှန်နေတဲ့ လူမမာ ကတော့ သူပြောမှပဲ အပြင်လောကကြီးရဲ့အရောင်တွေ အရိပ်တွေကို နားနဲ့ခံစားရင်း အသက်ဆက်နေတော့တယ်…

ပြူတင်းပေါက်မှာ ထိုင်နေတဲ့ သူကပြောတယ်..”အိုး..အလွန်သာယာတဲ့ ရေကန်ကြီးပဲဗျာ…ပီးတော့ ပန်းခြံလေး တစ်ခုဗျ.. ပန်းခြံထဲမှာလဲ ပန်းတွေပွင့်နေတာ အရောင်စုံပဲ … ရေကန်ထဲမှာလဲ ဘဲတွေ အများကြီးပဲဗျာ…ကလေးတစ်သိုက်ကတော့ ရေကန်ထဲမှာ လှေလေးတွေ လုပ်ပီး လွှတ်နေကြလေရဲ့… ဟော.. ဟိုချစ်သူ စုံတွဲကတော့ ပန်းခြံထဲမှာ လက်ချင်းချိတ်ပီး လမ်းလျှောက်နေလေရဲ့ဗျာ.. ဟိုးခပ်ဝေးဝေးမှာ ဘုရားကျောင်း ကြီးတစ်ခု ကိုလဲ မြင်နေရတယ်ဗျာ…” … အဲလို ပြူတင်းပေါက်က ထိုင်နေတဲ့ သူက သူမြင်သမျှကို သူ့သူငယ်ချင်း အတွက် သေသေချာချာ ပြောပြတယ်… ကုတင်ပေါ်က လူနာကလဲ သူပြောသမျှတွေ ကို စိတ်ကူးတွေ ယဉ်ပီး မျက်လုံးထဲမှာ ပုံဖော်ပီး ကြည်နူးနေရရှာတာပေါ့… ဟော ..နောက်တစ်နေ့ကျတော့ ပြူတင်းပေါက်နား က လူနာက ဘုရားကျောင်း မှာ လူတွေလာပီး ၀တ်ပြုနေတာ ကိုပြောပြပြန်တယ်… နောက်ရက်တွေ တစ်ဖြေးဖြေးကြာလာတာနဲ့ ပက်လက်လှန် လှဲနေရရှာတဲ့ လူနာ စိတ်ထဲမှာ အတွေးတစ်ချို့ဝင်လာတယ်.. ဘာလဲ ဆိုရင် “ဟိုလူနာကျတော့ ပြူတင်းပေါက်နဲ့ နီးတဲကုတင်မှာ နေရတယ်… သူကျတော့ အပြင်ကို မြင်ရပီး ငါ့ကျတော့ မမြင်ရပါ့လားပေါ့”… သူအရမ်း သူ့ကိုယ်သူ အားငယ်သွားတယ် … သူကိုယ်သူ အကန်းတစ်ယောက် ဖြစ်နေပါ့လား လို့တောင် တွေးမိတယ် ..သူ့ကိုယ်သူတောင် ရှက်မိတယ်.. ဟိုလူနာ ကိုလဲ မနာလို ဖြစ်လာတာပေါ့… ဒါပေမဲ့ သူ့စိတ်ကို သူထိန်းလိုက်တယ်… ဒါမနာလို ဖြစ်စရာလား.. သူပြောပြလို့ ငါသိနေရတာ .. ငါအသက်ဆက် ရှင်ချင်စိတ်တွေ ဖြစ်နေတာပါ့လားပေါ့…
ဒါပေမဲ့ ရက်တွေ တစ်ဖြေးဖြေး ကြာလာတာနဲ့ အမျှ သူရဲ့ မနာလို စိတ်က ပေါ်လာတယ် … ကြီးထွားလာတယ်… သူလဲ အပြင်ကို ကြည့်ချင်နေမိတယ်.. နောက်တော့ သူဟာ စားလည်း ဒီစိတ်.. အိပ်လည်း ဒီစိတ်ကြီးနဲ့ အိပ်တယ်… အိပ်မက်ထဲတောင် ဒီအကြောင်းတွေ ကို အိပ်မက်မက်တယ်… သူအရမ်း အပြင်ကို ငေးကြည့်ချင်တယ်… သူ့ဘ၀မှာ ပြတင်းဘေးက ကုတင်လောက်မက်မောစရာ မရှိတော့သလိုကြီးဖြစ်လာတယ်… သူဝေဒနာ လဲ သက်သာခါနီးလာပီလေ…
ဒီနေ့ နေ့လည်ခင်းမှာတော့ ပြူတင်းပေါက်က လူနာဟာ ခေါင်းအုံးလေး ကိုကျောမှီရင်း သူမြင်သမျှတွေ ကိုပြောရှာနေတယ်.. ဒါပေမဲ့ သူအသံဟာ အားနည်းလို့ သိပ်မကြားရဘူး .. သူပြောနေတာတွေတော့ လိပ်ပြာလေးတွေ ဒီနေ့ မတွေ့ရဘူး.. ရာသီဥတု ကသာယာလွန်းတယ်… ကောင်းကင်မှာ စွန်လေးတွေ ၀ဲပျဲနေတယ်.. သူအသံတွေတိုးလွန်းနေတော့ ပက်လက်လှန်လှဲ နေရတဲ့ လူမမာလဲ သိပ်မကြားရရှာဘူး….. သူအားနေတာ ဖြစ်မယ်.. သေပလေ့စေ.. သူသေမှ သူပြောနေတာတွေ ငါကြည့်ရမှာ ဆိုပီး တွေးလိုက်မိတယ်….. နောက်တော့ ဟိုလူနာ သူ့ဘက်ကိုလှည့်ပီးပြောတယ်.. “သူငယ်ချင်း ကြိုးစားပြီး အားတင်းထားပါ .. ငါတို့ ဒီဆေးရုံကနေ အကောင်းပတိ ပြန်ဆင်းသွားနိုင်မှာပါ”တဲ့… နူးညံတဲ့ အားပေးစကားပါပဲ..
အဲဒီနေ့ည ပက်လက်လှန်လှဲနေတဲ့ လူနာ ဟာ မျက်နှာကျက်ကို မော့ကြည့် ပီး သူ့ရဲ့ အိပ်မပျော်တဲ့ ညကို ဖြတ်သန်းနေချိန်မှာပဲ… တစ်ဖက်ကုတင်ကလူဟာ ချောင်းတွေတအားဆိုးလားတော့တယ်… သူ့အဆုတ်ကအတော် ဒုက္ခပေးနေတာမို့ ချောင်းဆိုးချိန်မှာ အဆုတ်ထဲကအရည်တွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတယ်….တစ်ဖက်ကုတင်က ပက်လက်လှဲနေတဲ့သူဟာ အခန်းဖော်ကို အသာလေးကြည့်လိုက်တယ်…..ချောင်းဆိုးရင်း ပြတင်းဘေးက လူမမာဟာ အရေးပေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့ရတယ်…. ပက်လက်လှဲနေတဲ့သူဟာ မလှုပ်မယှက်ငြိမ်နေတယ်…. အမှန်ဆို သူ့ကုတင်ဘေးက အရေးပေါ်ခေါင်းလောင်း ခလုတ်လေးကို လှမ်းနှိပ်ပေးလို့ ရတာကို သူမလုပ်ပေးခဲ့ဘူး….
ငါးမိနစ်လောက်တောင်မကြာလိုက်ပါဘူး…. ပြတင်းနားကလူဆီက ဘာအသံမှမကြားရတော့ဘူး… နောက်တစ်ရက်မိုးလင်းတဲ့အခါမှာ တာဝန်ကျသူနာပြုဟာ အသက်ကင်းမဲ့သွားပြီ ဖြစ်တဲ့ အလောင်းကို အခန်းထဲကနေ ထုတ်ဖို့ စီစဉ်လိုက်တယ်…
နောက် အားလုံးနေသားကျလောက်တဲ့ အချိန်ရောက်တော့ တစ်ယောက်ထဲ ကျန်တဲ့ လူမမာဟာ သူ့ ကို ကုတင်ပြောင်းပေးဖို့ သူနာပြုဆရာ မကို တောင်းပန်ပြောဆိုတယ်.. ဆရာမကလဲ ပြောင်းပေးလိုက်တာပေါ့…. သူဟာ ကုတင်ပေါ်ကို ရောက်တယ် ဆိုရင်ပဲ သူမှာ ရှိတဲ့အားနဲ့ ထဖို့ကြိုးစားတယ်.. သူတွေ့ချင်တဲ့ လောကကြီး ကို သူတွေလိုလှပြီလေ…သူတစ်ဖြေးဖြေး အားပြုပီး ကိုယ်တစ်ပိုင်းကြွလိုက်တယ်… ပြူတင်းပေါက်ကနေ အပြင်ဘက်ကို သူအားတက်သရော လှမ်းကြည့်လိုက်တယ်…
“ဟာ”… သူနှုတ်က ရေရွတ်သံ ထွက်လာတယ်… သူမြင်လိုက်ရတာက သူမျှော်လင့်ထားတဲ့ ရေကန်ကြီးရယ် ၊ လှပတဲ့ပန်းခင်းတွေရယ် မဟုတ်ဘူး… ဘာမှ အရောင်အဆင်းမရှိတော့တဲ့ ဆေးရုံနံရံကြီးတစ်ခုဖြစ်နေလေရဲ့..့သူ စိတ်ပျက်ပျက်နဲ့ ကုတင်ပေါ်ပြန်လှဲရင်း ဟိုလူဘာကြောင့် အဲ့လိုတွေပြောသွားတာလဲ ဆိုတာကို တာတွေးနေမိတယ်…. သူစဉ်းစားလို့မရတဲ့ အဆုံးမှာ သူနာပြုဆရာမကို သူမေးကြည့်တယ် … ဟိုသေသွားတဲ့ သူ ဘာလို့ သူ့ကို အဲလို မဟုတ်တာတွေ ကိုပြောဆိုသွားရတာလဲပေါ့… သူနာပြုဆရာမလဲ အစ ကတော့ ကြောင်သွားတယ်…
နောက်သူနာပြုဆရာမ က ဖြေးဖြေးချင်းပြောတယ်… “သေသွားတဲ့ လူနာက မျက်မမြင်တစ်ယောက်ပါ.. သူက ရှင့်ဝေဒနာ အတွက် အားပေးချင်တဲ့ စိတ်နဲ့အဲလို ပြောသွားတာ နေမှာပေါ့..” တဲ့…

မှတ်ချက်။ ။ဒီအကြောင်းအရာလေး ကိုဖတ်ပီး ဘယ်လို နားလည်လဲ ..ဘယ်လို အကျိုးရှိသွားလဲ ဆိုတာ အကြံပြုသွားစေချင်တယ်…





ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...