..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Sunday, April 27, 2008

ဒဿန စာစု(၃)

၁) ချစ်တယ် ဆိုတဲ့ စကား ကို လွယ်လွယ် နဲ့ ပြောတဲ့ သူဟာ ဂုဏ်သိက္ခာ နဲ့ ကိုတကယ်ချစ်တဲ့ သူကို ရင်နာနာ နဲ့ လမ်းခွဲရလိမ့်မယ်..

၂) ချစ်သူတစ်ယောက်ရဲ့ စွန့်ပစ်ခြင်း ခံရတာလောက် အသက်ရှုကြပ်တာ မရှိဘူး…

၃) အချစ်နဲ့ မတွေ့ဖူးသေးတဲ့ ကောင်လေးတွေဟာ အချစ်နဲ့ ကြုံတွေ့လာရင် ကြောက်ရွံတုန်လှုပ်တက်ကြတယ် .. ကောင်မလေးတွေကတော့ ရဲဝင့်စွန့်စား တက်လာတယ်..

၎) အချစ်ဆိုတာ ရယူချင်းလည်း မဟုတ်ဘူး ..စွန့်လွတ်ခြင်းလည်း မဟုတ်ဘူး.. တစ်ဦးနဲ့ တစ်ဦး ခံစားသိမြင်တဲ့ နားလည်းမှု…

၅) နားလည်မှု မရှိတဲ့ ချစ်သူနှစ် ဦးဟာနောက်ဆုံးတော့ ခွဲခွာခြင်း လမ်းဆုံးကို ရောက်လာမှာပဲ …..

၆) ကိုချစ်သူကို ချစ်လျှက်နဲ့ နောက်ဆုတ်ပေးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ မီးတောက်ထက်ပြင်းတဲ့ ပူလောင်မှုတွေ ရှိနေတက်တယ်…

၇) “တကယ်ချစ်လား အလိုလိုက်ရမယ်နော်” ဆိုတဲ့ တောင်းဆိုမှုမျိုးက ချစ်နေသူနှစ်ဦး ဆိုရင်တော့ ကောင်းတာပေါ့… တစ်ဖက်သတ်ချစ်နေရတဲ့ လူတစ်ယေက်ကို ဆိုရင်တော့ အတ္တဆန်သွားပြီ….

၈) အထင်လွဲပြီး စိတ်ကောက်နေတဲ့ ချစ်သူတစ်ယောက် ကို ရှင်းပြလို့ မရရင် အကောင်းဆုံးက သူရှေ့ကထွက်သွားလိုက် .. သူ့ရင်ထဲမှာ အချစ်တွေ ရှိသေးရင် အရောက်လာခေါ်လိမ့်မယ်…

၉) အချစ်အတွက် အကောင်းဆုံး ဖြေဆေးက အိပ်ရေးဝအောင်အိပ်… စာဖတ်….

၁၀) အချစ်စစ်ရဲ့ အကြီးမားဆုံး စမ်းသတ်မှုက တစ်ဦးကို တစ်ဦး မတွေ့ရပဲ အနေဝေးကွာခြင်း….

၁၁) အချစ် ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခု… (တစ်ကယ်ချစ်တဲ့ သူတိုင်း တစ်ကယ် ပြင်းထန်စွာခံစားရမှာပါ)…

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Saturday, April 26, 2008

မမရေ…

“ သမီးလေးက တော်တော့လေ.. မောင်လေး ကိုလည်း ပေးစို့လိုက်တော့” တဲ့…..

နို့ညှာအမတစ်ယောက် ရှိပါ့လားဆိုတဲ့ အသိနဲ့ အတူ လျှောက်လှမ်းခဲ့ တဲ့ ကွန်တော့ရဲ့ ဘ၀ လေးတစ်ခု…အခြေခံပညာမူလတန်းကြိုကျောင်း ရဲ့ ရှေ့လမ်းကျဉ်းလေးတစ်ခုမှာ မောင်လေး ကိုလက်စွဲပြီး ဘ၀ရဲ့အစ အကြိုလမ်းခရီး ကို ရဲရဲကြီးလျှောက်လမ်း လာခဲ့တဲ့ မမ ရယ်..

“ အမေရေ.. အမေ့တားက တမီး ချိုချဉ်ကို လုစားတယ်”… အမ ရဲ့အော်သံနဲ့ အမေရဲ့ ခြေသံ ကိုတပြိုင်နက်ထဲ အူဝဲလို့ အသံလေး အော်ပြီး လူလောကကြီး ထဲကို ကျွန်တော်စရောက်လာတယ်… အမေ့ရဲ့ သားချော့တေးသံနဲ့ အတူ အသံလေး ကြားလိုက်ရတဲ့ အသံလေးက

ကားလိုက်ရတော့ ဘာမှမသိတဲ့ ကလေးလေးတစ်ယောက် (ကျွန်တော်) အရမ်းထိပ်လန့်ပြီး မျက်လုံးလေး ပေကလပ် လုပ်နေတာပေါ့…

“အော်..သမီးကလည်း ပေးစားလိုက်ပါ.. ကို့မောင်လေးပဲ. အမေနောက်တစ်ခုပေးမယ်နော်” လို့် အမေကပြောလိုက်တော့ ဆူပုတ်နေတဲ့ မမ ရဲ့ နှုတ်ခမ်း အစုံ..ငိုမဲ့မဲ့ မျက်နှာ နဲ့ လိုအင်ဆန္ဒတွေ ခဏတာထိန်းချုပ်ထားရတဲ့ မမ ရဲ့ ကြောင်ချေးတက်နေတဲ့ အပြစ်မဲ့ မျက်နှာလေး ကို အခုထိ မောင်လေး ရင်ထဲမှာ မြင်ယောင်နေဆဲပါ မမရယ်..

“သားငယ် .. မမ လိမ်းပေးတဲ့ သနပ်ခါး မပြတ်စေနဲ့ နော်.” ဆိုတဲ့ သူငယ်တန်းစတက်တော့ မေမေ ရဲ့ ပြင်းထန်တဲ့ သတိပေးသံ နဲ့ အတူ “ငြိမ်ငြိမ်နေ၊ ပါးကွက်ကွက်နေတယ် မလှပဲနေလိမ့်မယ်” ဆိုတဲ့ မမ ရဲ့ ထိန်းချုပ်သနပ်ခါး လိမ်းပေးမှုအောက်မှာ (ဘုတ်၊ ဘုတ်) သံတွေနဲ့ မျက်လုံးကို စုံမှိတ်ပေးလိုက်တယ်….

အဖေနဲ့ အမေ ရဲ့ ပြင်းထန်တဲ့ စကားလုံးတိုက်ပွဲတွေ ကြားမှာ ပါးပြင်ကမျက်ရည်စတွေနဲ ဘာမှမသိတဲ့ ကောင်လေးကိုကြည့်ပြီး ပြောလိုက်တာက “ဘာမှဖြစ်ဘူးနော် မောင်လေး.. ခဏငြိမ်ငြိမ်နေနော်” တဲ့

နဲနဲလေး ကြီးလာတော့ “ယောက္ဖ၊ မင်း အမ မပါဘူးလားကွ” ဆိုတဲ့ အသံကိုကြားလိုက်တော့ အသားတွေ တစ်ဆတ်ဆတ်တုန်နေအောင် ထွက်လာတဲ့ ဒေါသတွေ ကို ထိန်းမရ လိုက်ထိုး၊ အော်ဆဲတဲ့ မောင်လေးရော ကို မမ သတိရနေလား…

စာကျက်နေရင် ကကြားလိုက်တဲ့ အသံက “အဖေ ..သမီးစာအုပ်ဖိုးမပေးနိုင်သေးရင်လည်း သမီးဘာမှမဖြစ်ပါဘူး .. မောင်လေး က ဆယ်တန်းဆိုတော့ သူကျူရှင်ဖိုးပေးလိုက်ပါ့လား” တဲ့ အဝေးသင် ဒုတိယနှစ်တက်နေတဲ့ မမ ရဲ့ စကားသံကို စာကျက်နေရင် ဆို့နင့်စွာ ကြားလိုက်ရတဲ့ မောင်လေး ရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ပါ…မမ ရယ် …

စစ်တက္ကသိုလ်တက်နေတော့ မမ ဆီက အကြော်ပါဆယ် မပါတော့ ဖုန်းဆက်ပြီးမှာတော့ “အေးပါ မောင်လေးရယ် ပို့ပေးပါမယ် ..မပူနဲ့ နော် .. နော် စာသာကြိုးစား”ဆိုတဲ့ မမ ရဲ့ နှစ်သိမ့်သံ၊ ဆုံးမသံတွေ

“သမီး အဝေးရောက်နဲ့ ယူလိုက်တော့မယ်.. အမေတို့ မောင်လေး ဆီကို သွား.. မောင်လေး မျက်နှာ ငယ်နေလိမ့်မယ်”တဲ့

“အမေတို့ ပိုက်ဆံမလောက်ဘူးမလား .. သမီး စုထားတဲ့ ပိုက်ဆံလေး ယူသွားလေ.. သမီးမောင်လေး ကျောင်းဆင်းပွဲ ကို တီဗွီကနေ ကြည့်ပြီး အားပေးနေမယ်လို့ ပြောပေးနော် ” .. တဲ့

သြော်.. မမ ရယ် .. ရုန်ကန်မှုတွေ ကြားထဲက ကျူတာပေါက်စ ဖြစ်သွားတော့ “ဗိုလ်ကြီး ဘာစားမလဲ မမ လခရပြီ” ဆိုတဲ့ မမ ရဲ့ ပျော်ရွင်နေတဲ့ ဖုန်းသံလေး ကို သင်တန်း(တပ်စုမှုး) တက်ရင်း ကြားလိုက်ရတော့ မောင်လေး ရင်ထဲမှာ မမ နဲ့ ထပ်တူထပ်မျှ ပျော်ရွှင်ခဲ့ ရတယ်….

“ငါတို့လို အခြေခံ လူတန်းစားတွေအနေနဲ့ နိုင်ငံရပ်ခြားကို ပညာသွားသင်ဖို့ ဆိုတာ မဖြစ်နိုင်ဆုံး အရာလေ .. မောင်လေး ကြိုးစားနော်.. အခုသင်တဲ့ ဘာသာစကား ကို တက်အောင်လုပ်နော်”……. လူကိုယ်တိုင် အရောက်လာပြီး ပြောသွားတဲ့ မမ ရဲ့ စကားသံတွေကို အခုထိ နားထဲမှာ ကြားယောင်နေတယ် မမ ရယ် …

ပြင်ဦးလွင်ကို တက်လာပြီး ပြောသွားတဲ့ မမ ရဲ့ နောက်ဆုံး စကားက “မောင်လေး ကြိုးစားနော် ၊ သုံးနှစ်ဆိုတာ ခဏလေးပါကွာ၊မောင်လေး ဘေးမှာ မမ ရှိမနေနိုင်တော့ဘူး၊မောင်လေး ဘ၀ကို မောင်လေး လျှောက်ရတော့မယ်လေ၊ မငိုရဘူးနော်၊ မမ လေယဉ်ကွင်းထိလိုက် မပို့တော့ဘူးနော်၊ မမ လည်းမျက်ရည်မကျဘူးနော် ၊ဒီမှာကြည့်……….” တဲ့

မောင်လေးရဲ့ နှဖူးလေး ကို ငုံနမ်းလိုက်တော့ ….. ကြည့်စမ်း မမရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ဥလေးတွေ တွဲခိုနေလေရဲ့…

မမ ရဲ့ရှေ့က ထွက်ခွာသွားတော့ မမ ရဲ့ အင့်ခနဲ့ ရှိုက်ငိုသံ သဲသဲကို ကြားလိုက်ရပေမဲ့ မမ ရှိရာ ကို ပြန်ပြီး ခြေဦးလှည့်လို့ မရခဲ့တော့ပါဘူး… မမ ရဲ့ ငိုရှိုက်သံ တဖြေးဖြေးနဲ့ တိုးတိုးသွားခဲ့ပေမဲ့ မောင်လေး ရင်ထဲမှာ ပဲ့တင်နေဆဲပါ မမ ရယ်..

(ဝေးတစ်မြေမှ မမသို့)

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Thursday, April 24, 2008

ဒဿန စာစု(၂)

၁) ကျောခိုင်းကို ထွက်သွားတဲ့ လူတစ်ယောက် ကို လိုက်မခေါ်နဲ့… ရပ်နေလိုက်.. ကမ္ဘာကြီးက လုံးနေတာ.. ကို့ဆီပြန်ရောက်လာလိမ့်မယ်…

၂) ငိုနေတဲ့ ကလေးကို မုန်ကျွေးလိုက် .. ကလေးသာမှန်ရင် တိတ်သွားလိမ့်မယ်..

၃) ရန်သူတစ်ထောင် မသိစေချင်တဲ့ စကားတစ်ခွန်းကို မိတ်တွေတစ်ယောက်ဆီကို ဘယ်တော့မှ မပြောနဲ့…..

၎) အမှန်တွေပြောတော့ နှစ်သက်တဲ့ အခါ စကားပြောကောင်းတယ်တဲ့.. မနှစ်သက်ပြန်တော့ ရိုင်းတယ် တဲ့…

၅) အဖြေက သုံည ရမယ်သိသိကြီးနဲ့ တွက်နေရတဲ့သင်္ချာ ပုစ္ဆာတွေ တော့ရှိတယ်.. လက်တွေ့မှာတော့ သွားမတွက်မိစေနဲ့..သချာင်္မဟုတ်ဘူး…ဒါ ဘ၀…

၆) လူတစ်ယောက်ကို ဥပေက္ခာပြုခြင်းဆိုတာ အကောင်းဆုံး အပြစ်ပေးခြင်းပဲ….

၇) မင်းမသိတဲ့ အကျိုးရှိမဲ့ စကားတစ်ခွန်းကို ပြောပြလိုက်ရင် အာစရိယဂိုဏ်း ၀င်သွားပြီ.. သူက မင်းရဲ့ ဆရာပဲ…

၈) ငါ့ကို ချစ်တဲ့သူဆိုလို့ ဒီကမ္ဘာမှာ တစ်ယောက်ပဲ ရှိတယ် … ငါကိုယ်တိုင်ပဲ..

၉) တစ်ယောက်စိတ်ကို တစ်ယာက်ထွင်းဖောက်သိမြင်နေတာ.. အဲဒါနားလည်မှု… တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်တာ.. အဲဒါ သိတက်မှု… အချစ်ဆိုတာ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ကြားနေတာ.. အဲဒါ ရူးသွပ်မှု…

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

အသီးလေးတွေ စားရင်း တွေးကြအောင်..

လူတစ်ယောက် နှစ်သက်တဲ့ သစ်သီးတစ်လုံးကလည်း လူတစ်ယောက်စိတ်ကို ဖော်ပြနေတယ်ဆိုရင် ယုံမှာလား.. မယုံမရှိနဲ့ ဗျာ .. တကယ်ပါ… လောလောဆယ် အသီးစားနေတဲ့ လူတစ်ယောက်ဆို ပိုကောင်းတယ်.. သူစိတ်ဓါတ်ဘယ်လိုရှိလဲ ဆိုတာကိုပါ မှန်းဆလို့ ရတာပေါ့… ဥပမာ- ပန်းသီးကြိုက်တဲ့ လူတစ်ယောက်ပဲ ဆိုပါတော့.. သူစိတ်ထဲက ဘယ်လိုဆိုတာ ခန့်မှန်းကြည့်လို့ သိနိုင်တယ်…သူရဲ့စိတ်က အေးဆေးတယ် .. တည်ငြိမ်မှုရှိတယ်… လက်ရှိပန်းသီးကို စားနေတဲ့ သူတစ်ယောက်မှာလည်း အဲလိုစိတ်တွေ ဖြစ်ပေါ်နေတယ်…

၁) စပျစ်သီးကြိုက်တဲ့ သူတစ်ယောက်က သူများထက်ပိုပြီး လောဘကြီးတယ်… လိုချင်စိတ်ရှိတယ်.. လာဘ်မြင်တယ်…

၂) ငှက်ပျောသီးကြိုက်တဲ့ သူတစ်ယောက်ဟာ ရာဂ ရမ္မက်ကြီးတယ် ၊တဏှာစိတ်ပျင်းထန်တယ်…

၃) နာနတ်သီးကြိုက်တဲ့ သူတစ်ယောက်ဟာ စိတ်ဆိုးစိတ်တို လွယ်တယ်..

၎) ဥသျှစ်သီးကြိုက်တဲ့ လူတစ်ယောက်ဟာ စိတ်ဓါကြံခိုင်တယ်.. ခက်ခဲတဲ့ ကိစ္စရပ်တွေ၊ လောကဓံတွေ ကို ရင်ဆိုင်နိုင်တယ်..

ဧည့်ခံပွဲတွေမှာ စမ်းသတ်ကြည့်ရင် အဆင်ပြေနိုင်တယ်…… နောက်ထပ်အသီးတွေ ကိုတော့ နောက်မှ ထပ်ပြောမယ်ဗျာ… ဗေဒင်ဆရာတော့ မဟုတ်ပါဘူးနော်.. ကျွန်တော် ဗေဒင်မဟောတက်ဘူး… (ယုံကြည်လို့မေးရင်တော့ မေးလို့ရတယ်၊ ဘ၀ပျက်သွားရင်တာဝန်မယူဘူး) ..

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Thursday, April 17, 2008

ဟာသအတွေး..

တစ်နေ့မှာ လူတစ်ယောက်ဟာ မြက်ခင်းပြင်ပေါ်မှာ လှဲ တိမ်တွေ ကိုမော့ကြည့် ပြီး ကောင်းကောင်းကြီး အနားယူနေတယ်… ရောက်တက်ရာရာ စဉ်းစားရင်းပေါ့ .. သူမှာ စကားပြောမယ့် အဖော်မရှိဘူး …အဲဒီမှာ ရုတ်တရတ်သူစဉ်းစားမိတယ်......

ဘုရားသခင်နဲ့ စကားပြောဖို့ သူ စဉ်းစားလိုက်တယ် … ပြီးတော့ သူက ဘုရားသခင်ကို စပြီး စကားပြောလိုက်တယ် ..

“ အို.. ဘုရားသခင်…. နှစ်သန်းပေါင်းများစွာ ဆိုတဲ့ အချိန်ဟာ ဘယ်လောက်ကြာပါသလဲ” ဆိုပြီးတော့..

အဲဒီမှာ ဘုရားသခင်က ပြန်ပြောတယ် ….

“ငါ ဘုရားသခင်ရဲ့ အယူမှာတော့ တစ်မိနစ်သာ ကြာမြင့်တယ်.. သားငယ်.”….

အဲဒီမှာ လူငယ်ကစဉ်းစားတယ်… ပြီးတော့ သူ ဘုရားသခင် ကိုထပ်ပြီး မေးတယ်….

“ဒေါ်လာသန်းပေါင်းများစွာ ကရော ဘယ်လောက်တန်ဖိုးရှိလဲ… ဘုရားသခင်”…ဆိုပြီးတော့

အဲဒီမှာ ဘုရားသခင်ကလည်း မဆိုင်းမတွ ချက်ချင်း ပြန်ဖြေလိုက်တယ်…

“ အို.. သားငယ်.. တစ် ပဲနီ( penny) သာတန်ဖိုးရှိတယ်ကွဲ့.”…. လို့

အဲဒီမှာ လူငယ်က ဘုရားရှင်ကို ထပ်မေးပြန်တယ်“ ဒါဆို ..လူသားတွေ အပေါ်မှာမေတ္တာ ဂရုဏာ ထားတော်မူတဲ့ ဘုရားသခင်…. သားတော် ကို တစ်ပဲနီလောက် ပေးသနားတော်မူနိုင်လား..”

ဘုရားသခင်က ချက်ချင်းပြန်ပြောလိုက်တယ်…

“တစ်မိနစ်အတွင်း ငါဘုရားသခင် ပေးမယ် ..” လို့ ပြန်ဖြေလိုက်တယ်….

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

ဒဿန စာစု(၁)

  • ကိုယ်တက်ထားတဲ့ ပညာကို တစ်ခြားသူကို သင်ကြားပေးလိုက်ပါ… ဒီအတွက် စိတ်ထဲမှာ ဘာမှ မျှော်လင့်ချက် ထားနေလား…
  • ဆေးလိပ်သောက်နေတဲ့ လူတစ်ယောက်ကို မေးလိုက်… ဘာကြောင့်သောက်နေတယ် ဆိုတာ ချက်ချင်းဖြေနိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ အဲဒီ လူကို မီးတတို့ လောက်လို့ တောင်းလိုက် ချက်ချင်းပေးလိမ့်မယ်…
  • သာယာတဲ့ အိမ်တောင်ရေး ဆိုတာ နားလည်မှုတွေ အပြည့်ရှိတဲ့ လူသားနှစ်ယောက် ကဖန်တီးထားတာ…
  • အရုတ်ညံဆုံးအလုပ်က သူများပစ္စည်း ခိုးတာ… အမွန်မြတ်ဆုံး အလုပ်က သုဘရာဇာ….
  • အလုပ်တစ် ခုကို လုပ်လို့ အောင်မြင်သွားတဲ့ လူမှာ ထူးခြားချက်ရှိတယ်.. စိတ်ပါဝင်စားမှု..
  • မင်း မသေ ခင် (၅) မိနစ်မှာ မင်း လုပ်ချင်တာ အကုန်ဖြစ်ရမယ်…ဘာလုပ်ချင်လဲ … လို့ မေးရင် ဘာလုပ်မယ်လို့ ဖြေမှာလဲ …
  • ဆုံးဖြတ်ချက် မှားချမိလိုက်လို့ လက်အောက်က အသက်အများကြီး ဆုံးရှုံသွားတဲ့ စစ်သူကြီး တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက် ဘယ်လောက်တောင် ပြင်းထန်မယ် ထင်လဲ …
  • ဘုရင်မဖြစ် မှ အသုံးကျတာ မဟုတ်ပါဘူး… ပွန်း နဲ့ လည်း ပွဲ ပြီးလို့ ရပါတယ်….
  • နယူတန်က စဉ်းစားရင်း ကမ္ဘာဆွဲအားကိုတွေ့တာ တဲ့… စိတ်ညစ် လို့ ထိုင်နေရင်း က ပန်းသီးပြုတ်ကျလို့ သိသွားတာလဲ ဖြစ်နိုင်တာပဲ… သူလို တွေ့ ဖို့တော့ လိုတာပေါ့…
  • လက်ထပ်တယ်ဆိုတာ ကွဲပြားတဲ့ မိသားစုနှစ်ခုက လိင်မတူသူ လူသားနှစ်ဦး ကြည်ဖြူစွာ လက်တွဲ၍ ဘ၀တစ်ခုအတွင်းသို့ တိုးဝင်ခြင်းကို ပြောတာ..
  • အချစ် = ပြင်းထန်တဲ့ စိတ်ခံ စားမှုတစ်ခု …. အွန်လိုင်းအချစ်= ပြင်းထန်တဲ့ ရူးသွပ်မှု တစ်ခု…..

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

ထိမ်းမြား မင်္ဂလာ (၁၀) ပါး

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။

၁။ သတိုးသား၊ သတိုးသမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

၂။ ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။( ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)

၃။ သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၎။ သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၅။ သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာကဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။

၆။ ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၇။ အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

၈။ သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၉။ ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၁၀။ ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် န၀ရတ် ကိုးပါး၊ နံသာမျိုး ငါး ပါသွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Tuesday, April 15, 2008

မသိလို့ မှားမိတာပါ....

တစ်နေ့မှာ ကမ္ဘာကျော် ပညာရှင် အိုင်းစတိုင်း ဟာ ရထားဘူတာရုံကနေ ထွက်လာတယ်.. အဲဒီမှာ သူဟာ ဗိုက်ဆာဆာနဲ့ ဘူတာ အနားမှာ ရှိတဲ့ ပီဇာ ရောင်းတဲ့ ဆိုင် ကို သွားပြီးတော့ ပီဇာဝယ်တာပေါ့… ပီဇာရောင်းတဲ့ သူက စုတ်ပြတ်နုံချာတဲ့ ကလေးငယ်တစ်ယောက်ပါ…

အိုင်းစတိုင်းဟာ ပီဇာဝယ်ပြီး ပိုက်ဆံကိုမှား ရှင်းမိတယ်..အိုင်းစတိုင်းကလည်း မသိလိုက်ဘူး… အဲဒီမှာ အလုပ်များနေတဲ့ ကောင်းလေး က အိုင်းစတိုင်း ကို ဘာပြန်ပြောတယ် မှတ်လဲ

“ခင်ဗျား သင်္ချာမသိဘူး လား ၊လိုတဲ့ ပိုက်ဆံထပ်ပေးပါ”…. လို့ပြောလိုက်တယ်…….. :P

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

ဒသနစာစု

  • လူတစ်ယောက် ပြေးနေတာကို ကြည့်ပါ… အဲဒီလူ ဘယ်လောာက်မောနေလဲ ဆိုတာ…. သူရဲ့ ဇွဲ၊ လုံးလ ကို သိရလိမ့်မယ်….
  • စစ်တုရင် ပြိုင်ပွဲ က ပြိုင်ပွဲ မပြီးသေးပဲ အရှုံး နဲ့ ရင် ဆိုင်ရတော့မယ့် လူတစ်ယောက်ရဲ့ သူ ရွှေ့နေတဲ့ ကစားကွက်တွေ ကို အထင်သွား မသေးလေနဲ့… သူ့မှာ အတွေ့အကြုံနဲ့ တည်ငြိမ်မှုတွေ အပြည့် ရှိသေးတယ်….
  • အလေ့အကျင့် ဆိုတာ သတိပေါ်မှာ မူတည်တယ်…. Right Click ထောက်ပြီး Refresh ပေးတာကလည်း အလေ့အကျင့်ပဲ….
  • ဒိန်ခဲ ကို ခဏခဏ နမ်းကြည့်ပါ… အဲဒါမှ မှိုတက်၊ မတက် သိရမှာ…
  • လူတစ်ယောက်ရဲ့ ပုံတစ်ပုံ ကိုကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ကို ၂၅% ပဲ သိရမယ်… သူရဲ့ အသံကို ကြားရရင် ၃၅% သိရမယ်… သူရဲ့ လှုပ်ရှားမှုတွေ ကိုတွေ့နေရရင်တောင် ၅၀% ပဲသိရမယ်… သူမိဘက ၉၀% သိမယ်… သူကိုယ်တိုင်ကပဲ ရာနှုန်းပြည့် သိလိမ့်မယ်….
  • အပြစ်ကင်းတဲ့ မျက်နှာ ပိုင်ရှင်ဆိုတာ ကိုယ့် ကိုရီပြနေတဲ့ (၆) လသား ကလေးလေးပဲ…

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Monday, April 14, 2008

အမေပေးတဲ့ မွေးတစ်နေ့....

လူတိုင်းက သေတစ်နေ့ မွေးတစ်နေ့ ပါ … ပြောကြတာပဲ ..ဟဲဟဲ… ထားပါ …. ဒါပေမဲ့ လူတိုင်းကတော့ မွေးလာတဲ့နေ့ ကို အမှတ်တရအနေနဲ့ ထားကြတယ်.. ကျွန်တော် အပါအ၀င်ပေါ့ဗျာ…. ကျွန်တော့မွေးနေ့ ကတော့ ဘယ်နေ့လဲ မပြောပြတော့ဘူး…. အခုမှပဲ မွေးနေ့ပွဲ ကိုကျင်းပလို့ပြီးသွားတော့တယ် … (၇)နာရီတောင် ကြာတယ်ဗျာ… တော်တော်ပင်ပန်းသွားတယ်.. အပျော်ကြီးပျော်တယ်ဗျာ… အရမ်းပျော်တယ်… သူငယ်ချင်းတွေလည်းပျော်တယ်…မွေးနေ့မှာ ကူလုပ်ပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်.. တကယ်အရမ်းကျေးဇူးတင်တယ်… မွေးနေ့ ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံးကို လည်း ကျေးဇူးတင်တယ်… မွေးနေ့ ကိုမလာဖြစ်တဲ့ မလာနိုင်တဲ့ အဝေး ကသူငယ်ချင်းတွေ ကိုလည်း အမှတ်ရပါတယ်လို့ ပြေချင်တယ်ဗျာ…. မေလ်းပို့ပေးတဲ့ သူငယ်ချင်းတွေ ၊ ညီအကိုမောင်နှမတွေ ကိုလည်း ကျေးဇူးတင်တယ်.. အများကြီးမရှိပါဘူး… အားလုံးအားလုံး ကိုကျေးဇူးတင်တာမပြောလိုက်နိုင်ဘူး ဗျာ… ဘာလို့ လဲ ဆိုတော့ ဟဲဟဲ .. မပြောတော့ဘူး… ဘလော့တောင် ကောင်းကောင်း မရေးဖြစ်တာကြာပြီဗျာ.. ရေးမှာပါ.. စိတ်ထဲမှာ ရေးမဲ့ အကြောင်းအရာတွေ ရှိပါတယ်… ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ ဒီနေ့ ဒီလို နေနိုင်တာတွေ ဟာ အမေကြောင့်ပဲ ဆိုတာ လူသားအားလုံး သိနေနိုင်ပါစေလို့ ဆုတောင်း ရင်း ဒီပို့စ်လေး ကို တင်လိုက်ပါတယ်… မွေးသမိခင် ကျေးဇူးရှင်အား ဦးထိပ်ထားပြီး အားလုံးအားလုံးကို ကျေးဇူးတင်ပါကြောင်း………………..

ပြည့်ဖြိုးလင်း (KSTU)

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Saturday, April 12, 2008

ပျော်ရွှင်ပါစေ….. သင်္ကြန်ရေ

သင်္ကြန်တဲ့ …. ပျော်စရာကောင်းသော သင်္ကြန်… နှစ်သစ်ကူးသင်္ကြန်… မြန်မာတို့ရဲ့ သင်္ကြန်… အားလုံးသော သူများ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း … ဒီသင်္ကြန်ပို့စ်လေးကို တင်လိုက်ပါရစေ…….

သူများတွေပျော်တော့ ကိုယ်လည်း ပျော်ချင်တာပေါ့ …. ကိုယ်လည်း လူငယ်ပဲလေ .. ဒါပေမဲ့ ဘယ်လိုပျော်ရမလဲ .. ဘယ်လိုပျော်ချင်လဲ လို့ မေးရင် လက်ရှိ အခြေအနေနဲ့ ကိုယ်ပျော်ချင်သလို ပျော်နိုင်မှာမှ မဟုတ်တာ … ဘာရယ်မှန်းမသိပဲ ပြီးသွားတဲ့ သင်္ကြန်တွေ များလွန်းလို့ ဒီပို့စ်ကို ဘယ်လိုရေးရမှန်းတောင် မသိခဲ့တာ အမှန်ပါ…. လူတိုင်းသင်္ကြန်မှာ လည်ချင်မှာပေါ့… လူကြီးသူမ တွေရဲ့ စိတ်ကိုတောင် ညိုငင်ဆွဲဆောင်နိုင်စွမ်းရှိတဲ့ သင်္ကြန်ပဲ မဟုတ်လား …. လူငယ်တွေ မဏ္ဍပ်တိုင်းကို ကားတွေနဲ့ လည်ကြ၊ ရေလောင်ခံကြ အားကြီးပျော်ဖို့ကောင်းတယ်ဆိုပဲ ….. ပျော်ဖူးကြလား .. အမှန်အတိုင်း ၀န်ခံတယ်ဗျာ .. ကျွန်တော် မလည်ဖူးဘူး …ကောင်မလေးကတောင် ဒီနှစ်သူနဲ့ အတူလည်ရမယ်လို့ ခေါ်သေးတယ်..ဟဲဟဲ…. ပျော်ခဲ့ပါတယ် သင်္ကြန်ဆိုတာကြီး ကို …. ယိမ်းတွေ ကနေတဲ့ မဏ္ဍပ်ကြီးရှေ့မှာ ကပြနေတဲ့ ယိမ်းတွေကို ကြည့် ၊ လက်ခုပ်တီး အားပေး ယောင်ယမ်းလို့ ပန်းကုန်းတောင် တက်မစွပ်ဖူးခဲ့ဘူး … အကကောင်းတဲ့ ယိမ်းတွေကိုတော့ ဆုချဖူးတာပေါ့ ….ကားပေါ်မှာ ခုန်လိုက်၊ကလိုက် မဏ္ဍပ်တွေရှေ့မှာ ရှိုတ်ချင်တာပေါ့… လူငယ်လေဗျာ .. ဟုတ်ဘူးလား …အဲ ရေလောင်းတာကျတော့လည်း ဆရာတွေ လူကြီးသူမတွေ ကို ငွေဖလားနဲ့ ပိတောက်ရနံ့နဲ့ တဖြေးဖြေးချင်းလောင်း အဖိုးအဖွားတွေကို ခေါင်းလျှော်ပေး..လိုအပ်တာတွေ လုပ်ပေးကိုင်ပေးပေါ့.... အင်း…….ကိုယ်လည်း…ချစ်သူမျက်နှာလေး ကို တစ်စိမ့်စိမ့် ကြည့်ပြီး တစ်စက်ချင်း လောင်းချင်တာပေါ့ ….သူများတွေလိုပဲလေ … လူငယ်ကိုး…. သောက်ကြမူးကြတာတော့ လူငယ်သဘာဝပဲလေ… မူးပြီး ရမ်းကားစရာတော့ မလိုပါဘူး .. အားလုံးရဲ့ စိတ်ထဲမှာ ရက်မြတ်သင်္ကြဆိုတာ သိထားသင့်တယ်လေ…. အဲ… ဒီလိုနဲ့ နှစ်ဆန်းတစ်ရက်နေ့ရောက်သွားတော့ မြန်မာတို့ရဲ့ ချစ်စဖွယ် အလေ့အထတွေကို တွေမြင်ကြရမှာပဲ …. ဘုန်းကြီးကျောင်းတွေ မှာ ဥပုသ်သီလယူကြ .. ဘုရားသွားကျောင်းတက်မြင်ကွင်းတွေပေါ့ … အရမ်းကြည်နူးဖို့ကောင်းပါတယ်… ကျွန်တော်ဆိုရင် သူငယ်ချင်းတွေနဲ့ ဘိုးဘွားရိပ်သာ မှာ အဖိုး၊အဖွားတွေအတွက် ကုသိုလ်ဆွမ်း ပေးကမ်းတယ်.. ခေါင်းလျှော်ပေး ၊ အစစ အရာရာပေါ့ …သီလယူ ဥပုသ်စောင့်တာလည်း ကောင်းတယ် … ကုသိုလ်ရတာပေါ့ .. နှစ်ဆန်းတစ်ရက်နေ့ဆိုတာကြီး ပြီးမှပဲ သက်ပြင်းချရတော့တယ်ဗျာ .. ရှေ့ဆက်ရမဲ့ တာဝန်တွေအတွက်…. ကျွန်တော်ကို သင်္ကြန် အကျနေ့မှာမွေးတာပါ… ကျွန်တော် သင်္ကြန်ကို စည်းမဲ့၊ ကမ်းမဲ့ မပျော်ဖူးပါဘူး … ကျွန်တော့ရဲ့ ညီအကို မောင်နှမ သူယ်ချင်းများ အားလုံးလဲ သင်္ကြန်ကို အိန္ဒြ၊ သိက္ခာရှိရှိ လည်ကြ ၊ ကဲကြ၊ ရှိတ်ကြပါလို့ သတိပေး ပြာဆိုလိုပါတယ်…. အားလုံးပဲ ကျွန်တော် မွေးနေ့မှာပျော်သလို မြန်မာတိုရဲ့ မဟာရက်မြတ်သင်္ကြန်မှာ ပျော်ရှင်ကြည်နူး နိုင်ကြပါစေလို့ ဆုတောင်းရင်……………..

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Saturday, April 5, 2008

စိတ်ညစ်ရင်

  • စိတ်ညစ်တာ၊ ထိပ်လန့်တာ ၊ စိုးရိမ်ကြေင့်ကြတာ၊ အားငယ်တာ ပေါ်လာခဲ့ရင် ဆက်လက်မတွေးပဲ အတွေကို ချက်ချင်းရပ်ပစ်လိုက် ၊ အတွေး ကို အသိတရားနဲ့ ထိန်းချုပ်ရမယ် …
  • မငိုနဲ့ ၊ သက်ပျင်းမချနဲ့၊ မမှိုင်နဲ့ ။ ကလေးတစ်ယောက်ငိုရင် မုန်ရချင်ရမယ် ၊ မုန့်မရရင် တုတ်ရမယ် ၊ လူကြီးငိုတာ ၊မှိုင်တာ ၊ငိုင်တာကျတော့ ကျက်သရေမရှိလို့ ဘယ်သူမှ မကြည့်ချင်လို့ ဘယ်သူမှ ကြည့်မှာ မဟုတ်ဘူး ။ ရှိပြီးသား သူတွေတောင် အနားက ခွာမသွားရင် ကံကောင်း ……
  • စိတ်ညစ်တာ ၊ စိတ်ညစ်ခံနေတာတွေဟာ ဘာထူးလာမှာလဲ။ စိတ်ညစ်ခံနေလို့ ဘာအကျိုးမှ မဖြစ်လာဘူး။ ဖြစ်လာမှာတော့ ရှိတယ်။အချိန်ကုန်မယ် ၊ကျန်းမာရေးပါ ထိခိုက်လာမယ်။တခြားမဟုတ်တဲ့ မကောင်းတဲ့ဘက် စိတ်ရောက်သွားရင် ငွေပါကုန်မယ်…….
  • မဆိုင်တဲ့ ကိစ္စတွေတွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး အကောင်းဆုံး အကြံတွေ၊ စိတ်ကူးတွေ မထွက်နိုင်တော့……
  • စိတ်ဆင်ရဲတဲ့သူ၊ ပူလောင်နေတဲ့ သူဟာ ဘာကိုပဲ ကြည်ကြည့် ပူလောင်တဲ့ သဘောကို ဆောင်နေတယ်။ ဘာလုပ်လုပ် စိတ်ညစ်စရာတွေ ချည်းပဲ ဖြစ်နေတက်တယ်....

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...