..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Tuesday, June 17, 2008

ဆန္ဒ နှင့် အတွေးအခေါ်

တစ်ခါက အရုပ်ဝယ်ပေးဖို့ ပူဆာနေတဲ့ သားငယ်ကို သူ့ အမေက အရုပ်ဝယ်ပေးဖို့ ပွဲဈေးတစ်ခု ကိုလာကြတယ်… ဈေးကလဲ အကျယ်ကြီးပေါ့… ကလေးလေးကလဲ မျက်စိသူငယ် နားသူငယ်လေးနဲ့ လိုက်လာတာပေါ့.. ဒါပေမဲ့ သူပျော်နေတာ.. ပျော်မှာပေါ့ .. သူလို ချင်တဲ့ အရုပ်ကို ၀ယ်ပေးမှာ ကိုး…. ပွဲဈေးကို ရောက်ရောက်ချင်း ဆိုင်လေး တစ်ဆိုင် … အရုပ်ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင်ပေါ့… အဲဒီ ဆိုင်လေး ကိုလဲ တွေ့ရော ကလေးလေး ရဲ့ မျက်လုံးလေးတွေ အရောင်လက်သွားတယ်… သူလိုချင်တဲ့ အရုပ်ကို အသဲ အသန်လိုက်ရှာတယ်… အား ..ပါး ..ပါး.. တွေ့ပါပီ .. သူလို ချင်တဲ့ အရုပ်လေး…. သူ့အမေ ကိုမော့်ကြည့်လိုက်တယ်.. သူလို ချင်တာတွေ့ပီ ဆိုတဲ့ သဘောပေါ့…အမေ လုပ်တဲ့ သူကလဲ သူသားကို တစ်ချက်ကြည့်တယ်.. သား ဘာလို ချင်တယ်ဆိုတာ အမေ သိတယ် ဆိုတဲ့ သဘော့ပေါ့..
ဒါပေမဲ့ အမေလုပ်တဲ့ သူက မသိချင်ယောင်ဆောင်ပီး ဆက်သွားဖို့ ခြေလှမ်းတွေ ပြင်လိုက်တယ်…. ကလေး က မနေနိုင်တော့တဲ့ အဆုံးမှာ သူ့ အမေ ကိုပြောတယ်.. “အမေ သားလိုချင်တဲ့ အရုပ် ကလေး ဒီဆိုင်မှာ ရှိတယ်.. ၀ယ်ပေးတော့လေ”.. တဲ့.. ကလေး အမေ က သူ့သား ကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်.. ပြီးတော့ “ဒို့ရှေ့ ကိုဆက်သွားကြရအောင်..သား”..တဲ့ ….
ငိုမဲ့မဲ့ နဲ့ကလေး သူ့အမေနောက်က လိုက်လာတယ် … ဟော.. နောက်ဆိုင်ရှေ့မှာ ရပ်ပါပြီ.. ကလေး မျက်လုံးလေးတွေ က စွန်တစ်ကောင်ရဲ့ မျက်လုံးလို သူလို ချင်တဲ့ အရုပ်ကို သဲကြီးမဲကြီး လိုက်ရှာတယ်… တွေ့ပြီ… ဒီတစ်ခါတော့ အမေ ၀ယ်ပေးတော့ .. ဆိုတဲ့ သဘောနဲ့ သူ့အမေ ကိုကြည့်တယ်… အမေ ကပြုံးလိုက်တယ်.. ပြီးတော့ အရုပ် ကို ကိုင်ကြည့်တယ်… အပြစ်အနာ အဆာ ရှိ၊ မရှိ ကြည့်တာပေါ့…ပြီးတော့ အရုပ် လေး ကိုပြန်ချလိုက်တယ်.. ရှေ့ဆက်သွားဖို့ ခြေလှမ်းတွေ ပြင်တယ်… ကလေး ကတော့ ငိုချင်လာပြီ.. သူဒီနေ့ အရုပ် ရမှ ရပါ့မလား ပေါ့… ဆက်လိုက်လာတယ်… သူအမေနောက် ကနေ..


နောက်တစ်ဆိုင် ၀င်တယ်.. ပြန်ထွက်သွားပြန်တယ်… မ၀ယ်ပြန်ဘူး…နောက်တစ်ဆိုင်.. နောက်တစ်ဆိုင်….. ဒီလိုနဲ့ သူတို့ ဈေထဲက ပြန်ထွက်လာတော့ ကလေး လက်ထဲမှာ ကလေးလေး ရဲ့လက်ထဲမှာ ချစ်စရာ အရုပ်လေးတစ်ရုပ်ကို ကိုင်လို့.. အပြစ်အနာ အဆာကင်းပြီး သင့်တော်တဲ့ ဈေးနှုန်းထား နဲ့ ချစ်စရာ အရုပ်ကလေးပါ… ကလေး လေးလဲပျော်လို့ … သူအမေ လက်ကလေး ကို ဆွဲလို့ … သူအမေ ပြောလိုက်တဲ့ စကားလေး တစ်ခွန်း ကလဲ နားထဲမှာ စွဲနေတာပဲ ..
“ကလေး .. နောက်တစ်ခါ ဆိုရင် သားဘ၀မှာ ဘာပဲ ရွေးချယ် ရပါစေ .. ဆန္ဒစောပြီး ဘာမှ မရွေးချယ်နဲ့ .. တကယ်လို့ ရွေးချယ်မိရင် အကောင်းထက် အဆိုးတွေပဲ ရလိမ့်မယ်”… တဲ့

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Sunday, June 1, 2008

အသိဉာဏ် နှင့် အတွေးအခေါ်

ရာသီဥတုက နွေခေါင်ခေါင်… ပူလိုက်တဲ့နေကလည်း အသားတွေတောင် ကွဲအက်မတက်ပဲ.. ရောက်နေတဲ့ နေရာ ကန္တာရ လွင်ပြင်ကျယ်ကြီး… လေကလည်းမတိုက်ဘူး… တစ်ခါတစ်ရံ တိုက်လိုက်တော့ သဲအပူတွေ ကို သယ်လာတဲ့ လေပူပူကြီးတွေ.. ယိုင်နဲ့ နေတဲ့ ခြေလှမ်းတွေ နဲ့ ဖြေးဖြေးချင်း လျှောက်လှမ်းလာ တဲ့ လူတစ်ယောက်..
ဟော.. ကြည့်နေတုန်းမှာပဲ အဲဒီလူ လဲကျသွားတယ်..ပြီးတော့ ကုန်းပီးပြန်ထတယ်.. ဆက်လျှောက်တယ်.. သနားစရာ ခရီးသည်တစ်ယောက်ပဲ.. သူနှုတ်ခမ်းတွေ ခြောက်သွေ့နေတာပဲ… သူ အတော်ရေဆာနေတဲ့ပုံပဲ.. ရေမသောက်ရရင် သေချာတယ်.. သူသေသွားနိုင်တယ်.. သူဘာလို့လမ်းလျှောက်နေတာလဲ.. ဘာကြောင့်ဒီလောက် ပူလောင်တဲ့ နေရာမှာ လမ်းလျှောက်နေတာလဲ ..


သူသောက်ဖို့အတွက်ရေ ရှာနေတာ … ဟိုးခပ်ဝေးဝေးမှာ ဟိုဟောင်းပြီး ယိုင်နဲ့နေတဲ့ အမိုးမရှိတော့တဲ့ တဲတစ်လုံး ကိုတွေ့သွားပီ.. သူအဲဒီ ကိုရောက်အောင်သွားဖို့ အင်အား ရှိပါ့မလား…သူခြေလှမ်းတွေ အဲဒီကို ဦးတည်နေတယ်.. သူမျက်လုံးတွေ ညိုးငယ်နေတယ်.. သူအတွက် ရေဟာ အရေးကြီးနေတယ်… ကြည့်ပါဦး .. တဲ ရှေ့ကိုရောက်ခါနီးမှ သူလဲကျသွားပီ… သူတဲ ကိုကြည့်တယ်.. သေချာစိုက်ကြည့်နေတယ်.. သူမျက်လုံးတွေ တဖြည်းဖြည်းနဲ့ အရောင်တောက်လာတယ်.. တဲရှေ့မှာ ရေပုံး အဟောင်းတစ်ခု ကို သူမြင်သွားတာ… သူရဲ့နောက်ဆုံးကျန်တဲ့ အင်အားတွေ နဲ့ သူတဲ ရှေ့ ကို ရောက်အောင်သွားတယ်… သူရောက်သွားပီ.. သူရေပုံး နားကို ရောက်သွားပီ..
သူ့မျက်လုံးတွေ မှိတ်ထားတယ် .. သူဆုတောင်းနေတယ်.. ရေပုံးထဲမှာ ရေရှိပါစေပေါ့… သူမျက်လုံးတွေ ဖြေးဖြေးချင်း ဖွင့်လိုက်တယ်.. သူတွေ့သွားပီ.. သူတောင်းတ ငတ်မွတ်နေတဲ့ ရေကို သူတွေ့သွားပီ…သူတစ်ယောက် ကောင်းကောင်း သောက်လို့ ၀တဲ့ အတိုင်းအတာ လောက် ရေရှိတယ်လေ...သူရေထဲ ကို လက်နှိုက်လိုက်တယ်.. သူလက်ကို ပြန်ထုတ်လိုက်ပြန်ပီ.. သူရေမသောက်သေးဘူး.. သူစဉ်းစားနေတယ်.. သူဘာကို စဉ်းစားနေတာလဲ..
အော်… ရေပုံးမှာ ရေးထားတဲ့ စာကြောင့်စဉ်းစားနေတာကိုး… ဘာရေးထားတာပါလိမ့်.. “မိတ်ဆွေ.. ဤရေကို မသောက်ပါနှင့်.. ဤရေဖြင့် ဘေးမှာ ရှိသော ရေတိုင်ဂီ ထဲမှ ရေကို ချူယူပါ..”
သူဘေးမှာ ရှိတဲ့ ရေတိုင်ဂီ ကို ကြည့်လိုက်တယ်.. ဟင်း...ကြည့်ပါဦး .. ခြောက်သွေ့နေတာပဲ.. ဒီလောက် ခြောက်သွ့နေတဲ့ ရေတိုင်ဂီ ကရေလာပါ့မလား… သူ့အတွက် ရေရနေပီပဲ…သူကောင်းကောင်းကြီး ၀အောင်သောက်လို့ရပီလေ.. သူ့ကိုကြည့်ပါဦး.. သူမျက်လုံးတွေ စုံမှိတ်ထားတယ်..သူစွန့်စားတော့မယ်ထင်တယ်… ဟုတ်တယ် သူစွန့်စားနေပီ.. သူရေတိုင်ဂီ ထဲကို ရေတွေ လောင်းထည့်နေပီ.. ရေတွေ ၀င်သွားပီ.. သူအတွက် ရေလုံးဝ မကျန်တော့ဘူး.. သူနှဖူးပေါ်က ချွေးတွေ သုတ်လိုက်တယ်.. သူ ရေစပြီး ချူနေပီ.. တက်လာတဲ့ရေသံကို သူမကြားရသေးဘူး.. ဂလောက် .. ဂလောက်နဲ့ သူဆက်ပီး ရေချူနေတယ်… သနားစရာပဲ … ချူမဲ့ ရေကို သူသောက်လိုက်ရင် ဘာမှ စွန့်စားနေစရာ မလိုတော့ဘူး.. ဟော. သူပြုံးသွားညပြီ.. သူရေသံကြားနေရပီ.. သူလက်တွေ ပိုသွက်လာတယ်.. ရေပိုက်ကနေ ရေတွေ ကျလာမှာ ကို သူမျှော်လင့်တကြီး ကြည့်နေတယ်..
ဟော.. ကျလာပါပြီဗျာ.. သူတောင်းတ မျှော်လင့်နေတဲ့ ရေတွေ သူရှေ့ ကို ရောက်နေပါပီ.. သူအရမ်းပျော်နေတယ်… မပျော်ပဲနေမလားဗျာ.. သူအသက်ဆက်ရှင်သွားပြီလေ.. သူရေသောက်နေတယ် .. ပြီးတော့ သူရေပုံး ကို ကြည့်နေတယ်.. သူရေပုံးထဲ ကိုရေပြန်ထည့်တယ်.. ပြီးတော့ ရေပုံးမှာ စာထပ်ရေးနေတယ်…. ပြီးသွားပြီး .. သူခြေလှမ်းတွေ တဲနဲ့ ဝေးတဲ့ ဆီကို ဦးတည်နေတယ်.. သူထွက်သွားပီ.. အားအင်အပြည့်ရှိတဲ့ခြေလှမ်းတွေနဲ့ပေါ့… သူထပ်ရေးသွားတဲ့ စာကို ကြည့်လိုက်ပါဦး .. ဘာထပ်ရေးသွားလဲ ဆိုတာ.. “တကယ်ဗျ… ကျွန်တော် လက်တွေ့ပါပဲ..” …တဲ့။ …။
စကားချပ်။ ။ ကဲ….မိတ်ဆွေ.. အသင်ဆိုရင်ရော ဒီလို အခြေအနေမျိုးကြုံတဲ့ အခါ ရေချူရဲတဲ့ သတ္တိရှိပါ့မလား…။

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...