..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Tuesday, June 17, 2008

ဆန္ဒ နှင့် အတွေးအခေါ်

တစ်ခါက အရုပ်ဝယ်ပေးဖို့ ပူဆာနေတဲ့ သားငယ်ကို သူ့ အမေက အရုပ်ဝယ်ပေးဖို့ ပွဲဈေးတစ်ခု ကိုလာကြတယ်… ဈေးကလဲ အကျယ်ကြီးပေါ့… ကလေးလေးကလဲ မျက်စိသူငယ် နားသူငယ်လေးနဲ့ လိုက်လာတာပေါ့.. ဒါပေမဲ့ သူပျော်နေတာ.. ပျော်မှာပေါ့ .. သူလို ချင်တဲ့ အရုပ်ကို ၀ယ်ပေးမှာ ကိုး…. ပွဲဈေးကို ရောက်ရောက်ချင်း ဆိုင်လေး တစ်ဆိုင် … အရုပ်ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင်ပေါ့… အဲဒီ ဆိုင်လေး ကိုလဲ တွေ့ရော ကလေးလေး ရဲ့ မျက်လုံးလေးတွေ အရောင်လက်သွားတယ်… သူလိုချင်တဲ့ အရုပ်ကို အသဲ အသန်လိုက်ရှာတယ်… အား ..ပါး ..ပါး.. တွေ့ပါပီ .. သူလို ချင်တဲ့ အရုပ်လေး…. သူ့အမေ ကိုမော့်ကြည့်လိုက်တယ်.. သူလို ချင်တာတွေ့ပီ ဆိုတဲ့ သဘောပေါ့…အမေ လုပ်တဲ့ သူကလဲ သူသားကို တစ်ချက်ကြည့်တယ်.. သား ဘာလို ချင်တယ်ဆိုတာ အမေ သိတယ် ဆိုတဲ့ သဘော့ပေါ့..
ဒါပေမဲ့ အမေလုပ်တဲ့ သူက မသိချင်ယောင်ဆောင်ပီး ဆက်သွားဖို့ ခြေလှမ်းတွေ ပြင်လိုက်တယ်…. ကလေး က မနေနိုင်တော့တဲ့ အဆုံးမှာ သူ့ အမေ ကိုပြောတယ်.. “အမေ သားလိုချင်တဲ့ အရုပ် ကလေး ဒီဆိုင်မှာ ရှိတယ်.. ၀ယ်ပေးတော့လေ”.. တဲ့.. ကလေး အမေ က သူ့သား ကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်.. ပြီးတော့ “ဒို့ရှေ့ ကိုဆက်သွားကြရအောင်..သား”..တဲ့ ….
ငိုမဲ့မဲ့ နဲ့ကလေး သူ့အမေနောက်က လိုက်လာတယ် … ဟော.. နောက်ဆိုင်ရှေ့မှာ ရပ်ပါပြီ.. ကလေး မျက်လုံးလေးတွေ က စွန်တစ်ကောင်ရဲ့ မျက်လုံးလို သူလို ချင်တဲ့ အရုပ်ကို သဲကြီးမဲကြီး လိုက်ရှာတယ်… တွေ့ပြီ… ဒီတစ်ခါတော့ အမေ ၀ယ်ပေးတော့ .. ဆိုတဲ့ သဘောနဲ့ သူ့အမေ ကိုကြည့်တယ်… အမေ ကပြုံးလိုက်တယ်.. ပြီးတော့ အရုပ် ကို ကိုင်ကြည့်တယ်… အပြစ်အနာ အဆာ ရှိ၊ မရှိ ကြည့်တာပေါ့…ပြီးတော့ အရုပ် လေး ကိုပြန်ချလိုက်တယ်.. ရှေ့ဆက်သွားဖို့ ခြေလှမ်းတွေ ပြင်တယ်… ကလေး ကတော့ ငိုချင်လာပြီ.. သူဒီနေ့ အရုပ် ရမှ ရပါ့မလား ပေါ့… ဆက်လိုက်လာတယ်… သူအမေနောက် ကနေ..


နောက်တစ်ဆိုင် ၀င်တယ်.. ပြန်ထွက်သွားပြန်တယ်… မ၀ယ်ပြန်ဘူး…နောက်တစ်ဆိုင်.. နောက်တစ်ဆိုင်….. ဒီလိုနဲ့ သူတို့ ဈေထဲက ပြန်ထွက်လာတော့ ကလေး လက်ထဲမှာ ကလေးလေး ရဲ့လက်ထဲမှာ ချစ်စရာ အရုပ်လေးတစ်ရုပ်ကို ကိုင်လို့.. အပြစ်အနာ အဆာကင်းပြီး သင့်တော်တဲ့ ဈေးနှုန်းထား နဲ့ ချစ်စရာ အရုပ်ကလေးပါ… ကလေး လေးလဲပျော်လို့ … သူအမေ လက်ကလေး ကို ဆွဲလို့ … သူအမေ ပြောလိုက်တဲ့ စကားလေး တစ်ခွန်း ကလဲ နားထဲမှာ စွဲနေတာပဲ ..
“ကလေး .. နောက်တစ်ခါ ဆိုရင် သားဘ၀မှာ ဘာပဲ ရွေးချယ် ရပါစေ .. ဆန္ဒစောပြီး ဘာမှ မရွေးချယ်နဲ့ .. တကယ်လို့ ရွေးချယ်မိရင် အကောင်းထက် အဆိုးတွေပဲ ရလိမ့်မယ်”… တဲ့

1 comment:

ဖူးဖူး said...

ဆန္ဒတွေကြောင့် တခါတရံလောကြီးသွားတာတွေရှိတတ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း လောကြီးတယ် ဆန္ဒစောတယ် လုပ်ချင်တာကို ချက်ချင်းလုပ်ပစ်တယ်၊ ဒီစာလေးကို ဖတ်ပြီးတော့ ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိဖြစ်ပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မကလေ အချိန်ကို မစောင့်နိုင်တာပါ