..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Monday, March 31, 2008

အမေသို့ …တမ်းချင်း

သို့…

သားငယ်ချစ်တဲ့ အမေ…

သားငယ် အမေကို တမ်းတလွမ်းဆွတ် နေတယ်…. ဒီအချိန်ဆို သားငယ်ချစ်တဲ့ အမေ ဘာတွေလုပ်နေမလဲလို့ပေါ့…. သားငယ်က အမေသားတွေထဲမှာ အငယ်ဆုံးပါ.. အမေ သားငယ်ကို အချစ်ဆုံးဆိုတာလဲ သားငယ်သိပါတယ်…. သားငယ်အဆိုးဆုံးဆိုတာလဲ အမေသိပါတယ်….. သားငယ်အခုလို အမေနဲ့ အဝေးကြီးမှာ ရောက်နေမှ အမေ့ရဲ့ မေတ္တာ၊ ဂရုဏာ ကို သိခဲ့ပါပြီ .. အမေရယ်… သားငယ်သိခဲ့တဲ့ ခုချိန်မှာ သားငယ်အတွက် နောက်ကျနေပြီလား… အမေ့ကျေးဇူးကို သားငယ်ပြန်မှ ဆပ်နိုင်ပါ့မလား အမေရယ်…. သားငယ်အဝေးကြီးကနေ အမေ့ကျေးဇူးတွေ ကိုဆပ်လို့မှ ရပါ့မလား အမေရယ်…. သားငယ်အခု အမေ့ကျေးဇူးကို အရမ်းဆပ်ချင်နေတယ် အမေ… သားငယ် ဘယ်လိုဆပ်ရမလဲ…. အမေဖြစ်ချင်တာတွေ သားငယ်ကို ဖြစ်စေချင်တာတွေ သားငယ်ကို ပြောပြပါ့လား အမေရယ်… အမေ ဘာတွေဖြစ်ချင်လဲ ..ဟင် .. သားငယ်ကို ပြောပါ .. သားငယ်အတွက် အချိန်မှ ရှိပါ့မလား အမေရယ်… အမေ ဖြစ်ချင်တာတွေကို သားငယ် မမေးခဲ့ရဘူးအမေ … အမေ ဖြစ်ချင်တာ တွေကို လုပ်ပေးဖို့ သားငယ်အဆင်သင့် ဖြစ်နေပါပြီ အမေရယ်… သားပြန်လာတဲ့ အထိ အမေအသက်ရှင်နေရမယ်နော် …. နောင်တတွေ တပုံတပင် ကြီးနဲ့ သားငယ်ကို မထားခဲ့ပါနဲ့ အမေရယ် … သားငယ် အမေ့ကျေးဇူးတွေကို သိနေပါပြီ…. အမေ့ကျေးဇူးတွေကို ဆပ်ဖို့သားငယ်ပြန်လာမယ်နော်…. သားငယ်ကို စောင့်နေပါနော် အမေ….

ဝေးတမြေမှ သားငယ်

No comments: