အမေရေ........
ဘ၀တွေက အချိုး ကျပေမဲ့ ဆန္ဒတွေက
ချို့ တဲ့နေဆဲပါမေမေ ။
ဒုက္ခမိုင်တိုင်တွေ တရိပ်ရိပ်ဝါးမျိုခဲ့တာတောင်မှ
သားဘ၀ လမ်းတွေက ရှည်လျားလွန်းတယ် ။
ဟန်ဆောင်မျက်နှာဖုံးနဲ့ သံယောင်ပြုံးသူတွေ ..
ဂရုဏာမျက်လုံးနဲ့ လက်သီးပုံးထိုးသူတွေ ကြား
ဝေဒနာတွေကို ဒေသနာတွေနဲ့ ဖြေနေပါတယ် ။
ပကာသန မိုးရေတွေကြား သားနှလုံးသား
အဖျားဝင်နေတယ် အမေ....။
အမေချပေးတဲ့ လမ်းမ ရည်မှန်းချက်လှပေမဲ့..
ပေးဆပ်ရမှုတွေက များလှပါတယ်အမေ..။
အမေပို့ပေးတဲ့ ချွေးနှဲစာ
သား "......."ဖြစ်ရင်ပြန်ဆပ်မှာပါ အမေ။
အမေ့ အသိုက်မြုံ လုံခြုံပေမဲ့...
ဆန္ဒတွေအတွက် မဖူလုံဘူး ။
သား မြို့လေးကို လွမ်းနေပေမဲ့လည်း
ခြေစုံကန်ပြီးမှ လွမ်းပြမနေချင်တော့ဘူး ။
အပျံသင်စ ငှက်တစ်ကောင်
မြင့်မိုရ်ထိအောင် ပျံပါရစေ ။
ဘ၀ ကို စိန် ခေါ်..........
သင်ခန်းစာတွေမှာ ပျော် ပါ ရ စေ ။
အိပ်မက်တွေ ပွင့်ဝေတဲ့နေ့
အမေနဲ့တစ်သက်လုံးတွေ့မယ် ။
ခုတော့............
မျှော်လင့်ခြင်းတွေအားလုံး အတွက်
သားကိုသား အရောင်တင်နေဆဲပါ အမေ.....။
Monday, March 31, 2008
အမေ....
Subscribe to:
Post Comments (Atom)
1 comment:
အမေ ... အကြောင်းလေး ကောင်းတယ် ၊ အားပေးနေတယ်ဗျို့
Post a Comment