..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Friday, May 2, 2008

ဒသနစာစု (၄)

၁) အခွင့်အရေးဆိုတာ နှစ်ခါမရနိုင်ဘူး.. တကယ်လို့ ရခဲ့ရင်တောင် ပထမအကြိမ်လောက် ကောင်းတဲ့ အခွင့်အရေး ဖြစ်လာမှာ မဟုတ်ဘူး…

၂) အပေါင်းအသင်းကြောင့် ဘ၀တိုးတက်ခဲ့ရတဲ့သူတွေ ရှိခဲ့တယ်.. ဘ၀ဆုံးသွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်…

၃) ဟစ်တလာမှာ မကောင်းတဲ့ အချက်က မခံချင်စိတ်နဲ့ စစ်ပွဲတွေ ဖန်တီးတာ .. အဲဒီမခံချင်စိတ်ကြောင့် ကမ္ဘာတစ်ခုလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့သူ ဖြစ်လာတာပဲ …

၎) စစ်ပွဲကြောင့် လူတွေ စိတ်ဆင်းရဲ ကြတယ် … ငြိမ်းချမ်းရေးကြောင့် လူတွေ ပျော်ရွင်ခဲ့ရတယ်.. ဘာကြောင့် စစ်ပွဲကို ဖန်တီးနေကြတာလဲ.. ငြိမ်းချမ်းမှုကိုသာ ဖန်တီးကြပါတော့လား…

၅) နောင်တ ရတာမကောင်းဘူးလို့ ဘယ်သူပြောလဲ .. နောက်ဆက်လှမ်းမဲ့ ခြေလှမ်းတွေအတွက် အကောင်းဆုံး ပံ့ပိုးမှု ဟာ နောင်တပဲ…

၆) စိတ်ညစ်နေတဲ့ သူတစ်ယောက်ကို သူပျော်စေမဲ့ အကြောင်းအရာပြောပြလိုက်.. သူတကယ်ပျော်သွားတယ်ဆိုရင် မင်းဟာ ဘုရားသခင်ရဲ့ တမန်တော် ပဲ…

၇) ဘ၀ မှာ သိတက်မှု ၊ နားလည်မှု၊ သူနေရာနဲ့သူ အံဝင်ခွင်ကျအောင် ပြင်ဆင်တက်တဲ့သူ၊နေတက်သူ တစ်ယောက်ဟာ ဘယ်တော့မှ စိတ်မဆင်းရဲဘူး…

၈) သူငယ်ချင်းကောင်း တစ်ယောက်ရှိတဲ့သူတစ်ယောက် ၊ ဆရာကောင်းရှိတဲ့ တပည့်တစ်ယောက် နဲ့ ဘယ်တော့မှ ရန်ငြိုးမဖွဲ့ မိစေနဲ့ .. ဘ၀ ပျက်သွားနိုင်တယ် ….

၉) ရင်ခုန်သံကို ဖန်တီးတာ ကောင်းတဲ့ အလုပ်ပါ.. ရင်ခုန်သံတွေ ရပ်တန့်အောင် လုပ်ရင်တော့ ဘုရားသခင်က ခွင့်ပြုမှာ မဟုတ်ဘူး ….

၁၀) စာတစ်ပုဒ်ကို ကျက်လို့ မရနိုင်တော့ဘူးဆိုရင် စိတ်အေးအေးထား၊ ဆရာတွေ ရဲ့ ဂုဏ်ကျေးဇူးကို စိတ်ထဲမှာ အောက်မေ့လိုက် .. ပြီး ရင် အဲဒီစာ ပြန်ကျက်.. မင်း အဲဒီစာ ကို အောင်မြင်စွာ ရသွားလိမ့်မယ်…

1 comment:

Ana Cristina said...

Hi, although I don't understand your language, at least I can tell you the template and the song are very nice! Regards from Portugal.