..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Saturday, May 17, 2008

ဒသနစာစု (၅)

၁) လူတစ်ယောက် စိတ်ညစ်နေတဲ့ အချိန်မှာ သူဘာလုပ်နေလဲ ဂရုစိုက်နေလိုက်ပါ.. သူစိတ်ထား ဘယ်လိုပုံစံ ရှိတယ်ဆိုတာ သိရလိမ့်မယ်…

၂) အားလုံးအပေါ်ကောင်းအောင်လုပ်နေပေမဲ့ အားလုံးက ကိုယ့်အပေါ်မကောင်းရင်လည်း ကိုယ်ကကောင်းအောင်ပဲ ဆက်နေလိုက်ပါ…

၃) ဆိုးတယ် ဆိုတဲ့ အချက်တွေထဲမှာ အကျင့် နဲ့ စာရိတ္တ ဆိုးတာ မကောင်းဆုံးပဲ.. ဒါပေမဲ့ အားလုံးက ပြင်လို့ ရတယ်..

၎) ပြုံးရွှင်နေလိုက်ပါ.. အပြုံးလေးတွေ နဲ့ ကမ္ဘာလောကကြီး လှနေပါစေ…

၅) ကံနိမ့်ခြင်း သုံးမျိုး - က)ခွေးကိုက် ခ)လူရိုက် ဂ) မိန်းမကြိုက်

၆) လွယ်တဲ့ ဆိုတဲ့အရာ လောကမှာ ဘာမှ မရှိပါဘူး.. ကျွမ်းကျင်တယ် ဆိုတာပဲ ရှိတာပါ…

၇) အချစ်ဆိုတာကို အိမ်ထောင်သက်တမ်း ၆၀ ရှိတဲ့ ဇနီးမောင်နှံ ကို သွားမေးကြည့်လိုက်ပါ.. သူတို့ လည်းတိတိကျကျ ပြောနိုင်မှာ မဟုတ်ပါဘူး…

၈) လူတစ်ယောက်ရဲ့ သီးခံနိုင်မှုအတိုင်းအတာကို အိပ်နေတဲ့ အချိန် နဲ့ စားနေတဲ့ အချိန်မှာ အနှောက်အယှက် ပေးရင် သိနိုင်တယ်…

၉) ကူညီချင်တဲ့ စိတ်ရှိတဲ့ သူတစ်ယောက်ဟာ ကူညီဖို့ အခွင့်အရေး ကို စောင့်မျှော်လေ့ မရှိပါဘူး…

၁၀) သံယောဇဉ် တရားထက်လေးနက် ခိုင်မာ တဲ့ အရာ လောက၌ မရှိ…

No comments: