..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Wednesday, May 28, 2008

မျက်ရည်တောင် လည်ခဲ့မိပါသည်..

မြန်မာ နာဂစ် အတွက် တက်အားသလောက် ပါဝင်ကူညီခြင်း

ကျွန်တော် ရှာရှားရောက် အရာရှိငယ်တစ်ဦးပါ.. မော်စကိုနဲ့ ၈၀၀ ကီလိုမီတာ ဝေးတဲ့ ကာစ့် (Kursk) ဆိုတဲ့ မြို့ငယ်လေး တစ်မြို့မှာပါ… ကျွန်တော်တို့ တက်ရတဲ့ ကျောင်း KSTU (Kursk State Technological University) မှာ မြန်မာ ကျောင်းသား အသင့်အတင့် သာရှိပါတယ်..
မြန်မာနိုင်ငံ ရဲ့ မေလ အစောပိုင်းမှာ ဖြစ်ပွာခဲ့တဲ့ နာဂစ် မုန်တိုင်း ကို စတင်ကြားရခြင်းမှာ မိမိ တို့ နားကို ပင်မိမိ တို့ မယုံကြည်နိုင် လောက်အောင် ဖြစ်ခဲ့ ရပါတယ်… ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော် တို့ နိုင်ငံ ဆိုတာ သဘာဝ ဘေးအန္တရယ် ကို ကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ ကြုံတွေ့ ခဲ့ရတယ် လို့မှ မရှိကြတာ… မြန်မာ ကျောင်းသား အများစု ရဲ့ နေအိမ်တွေ ၊ အမျိုးအဆွေ အသိုင်းအ၀ိုင်း သူငယ်ချင်း အားလုံး နာဂစ် သင့်တယ်… အားလုံးရဲ့ ပါးပြင်မှာ မျက်ရည်စ တွေ မရှိခဲ့ရင်တောင် အားလုံး ရဲ့ မျက်လုံး အိမ်ထဲမှာ စိုစွတ်နေတာပါ… စိတ်မကောင်းပါဘူး ..

“ငါတို့ အိမ်ပါသွားတယ်ကွာ.. ငါကွန်ပျူတာ မ၀ယ်ဖြစ်တော့ဘူး.. အိမ် ကို ပိုက်ဆံ ပြန်ပို့ပေးရမယ်”
“အကိုတို့ အိမ်ကတော့ လူတွေ ဘာမှ မဖြစ်ပါဘူး .. ဒါပေမဲ့ ကို့ အန်တီ နဲ့ ကို့ညီမလေး တွေ သေသွားတယ်.. ညီမလေး အလောင်း ကို အခုထိမတွေ့သေးဘူး ” ………
စတဲ့ အဲလို ကြေကွဲဖွယ် စကားလုံးတွေ ကို ရင်နင့်အောင် ခံစားနေလိုက်ရတယ်… ကျောင်းက စာသင်ပေးတဲ့ ဆရာမ တွေက စလို့ “ ဘယ်သူအိမ်ပါသွားလဲ.. အိမ်ကို အဆက်အသွယ်ရလား ” ဆိုတဲ့ စကားတွေ ဟာ မိဘနဲ့ ကင်းဝေးနေတဲ့ ကျွန်တော် တို့အတွက် အားဆေးတစ်ခွက်ပါပဲ…
်(၂) ရက်အကြာမှာ ကျောင်းက IR (International Relationship) ဋ္ဌာန က ဋ္ဌာနမှုး ဒေါက်တာဇူးဘားရပ်(Dr. ZolbarYat E.K) ရောက်လာပါတယ်… မြန်မာ နိုင်နာဂစ်အတွက် ၀မ်းနည်းစကားဆိုတယ်.. ပြီးတော့ ၀မ်းနည်းခြင်း အထိမ်းအမှတ် (၂) မိနစ်ငြိမ်တယ်..

မေလ ၂၈ ရက်နေ့ ရုရှားစံတော်ချိန် ညနေ ၅:၀၀ မှာ ကျွန်တော် တို့ မြန်မာ နိုင်ငံ ရဲ့နာဂစ်ကြောင့် ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခတွေ ကို ကူညီဖို့ ရန်ပုံငွေ (အလှူငွေ) ကောက်ခံဖို့ ပြပွဲလေး တစ်ခု ရုရှားမြန်မာ ပူးပေါင်းပြီး တင်ဆက်လိုက်ပါတယ်… ကွန်တော်တို့ မြန်မာတွေနဲ့ အတူ ရုရှားအပါအ၀င် နိုင်ငံခြား ကျောင်းသား တော်တော် များများ က လာရောက် အားပေး ကူညီသွားပါတယ်.. ရရှိတဲ့ ငွေကြေးကို မြန်မာ နိုင်ငံအတွက် ဆေးဝါးတွေ ၊ အ၀တ်အထည်တွေ ၊ ခြုံစောင်တွေ လှူဒါန်းပါ့မယ်… ကျွန်တော်တို့ ရဲ့ ကောက်ခံရရှိတဲ့ အလှူငွေကို မြန်မာကျောင်းသားတွေ မကိုင်ဆောင်ပါဘူး.. ကျွန်တော်တို့ IR ဋ္ဌာနမှ တစ်ဆင့် သံရုံးသို့ တိုက်ရိုက် ပို့ပေးမှာပါ… (အားလုံးမြင်အောင်ရှင်းအောင်ပါ)

ကျွန်တော် တို့ ရင်ထဲမှာ ရှိတဲ့ ၀မ်းနည်း ကြေကွဲမှုတွေ အတွက်၊ မြန်မာနိုင်ငံ က ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ အတွက် တက်အားသလောက် ကူညီပါဝင်ပေးကြတာက တော့ ပုံတွေမှာပြထားတဲ့ အတိုင်းပါပဲဗျာ… ပြပွဲလေး ကတော့ ကျွန်တော်တို့ မြန်မာတွေ ဦးဆောင်ပြီး ရုရှားကျောင်းသား ၊ကျောင်းသူ အများစု ပါဝင် ကပြ ဖျော်ဖြေ ကူညီသွားတာပါ..အာလုံးက တက်တက်ကြွကြွ နဲ့ ကူညီလုပ်ဆောင်သွားတာ မြင်ရမှာပါ.. မြန်မာ နာဂစ်မြင်ကွင်းကို ဘေးက (Slideshow) နဲ့ တစ်ပြိုင်နက် တင်ဆက်သွားတာ ဖြစ်ပါတယ်…

ကျွန်တော် ဘ၀မှာ အဲလို ပြပွဲမျိုး မကြုံဖူးပါဘူး.. တကယ်ပါ.. ရုရှားဆရာတွေ ကျောင်းသားတွေ ကူညီလုပ်ကိုင်ပေးတာ မြင်နေရတယ် ပြီးတော့ မြန်မာ နိုင်ငံရဲ့ အဖြစ်ဆိုးကြီး ကို လည်း ရင်နင့် မဆန့်အောင် ခံစားလိုက်ရတဲ့ အတွက် ကွန်တော် တကယ်ပါ.. မျက်ရည်လည် ခဲ့ရတယ်… သူတို့တွေ လူသားချင်း စာနာ ထောက်ထားတဲ့ စိတ်ဓါတ်လေး ကို ကျွန်တော် ချီးကျူးလို့ မဆုံး နိုင်ပါဘူး … သူတို့ ရဲ့ ကူညီမှု အတွက်လည်း ကျွန်တော် ၀မ်းသာတယ်.. ကျွန်တော်တို့ ဘက်ကလည်း တက်နိုင်သလောက် လုပ်ပေးလိုက်ရတော့ ကျေနပ်တယ် .. ဂုဏ်ယူတယ် ဗျာ…

ပြပွဲလေး ဖြစ်အောင် ကူညီပေးသည့် KSTU မှ ကျောင်းအုပ်ကြီး၊ အဓိကဦးဆောင်သည့် IR ဋ္ဌာနမှုး ၊ (language)သင်ပေးသော ဆရာ၊ ဆရာမများ ၊(Music)သင်ပေးသော ဆရာမ များ၊ ပါဝင်ကပြသည့် ရုရှားမှ ကျောင်းသား၊ ကျောင်းသူများ အဖက်ဖက်မှ အားပေးကူညီ သူများ အားလုံးကို ကျွန်တော်တို့ ရုရှားမှာ ပညာသင်နေတဲ့ ကျွန်တော်နှင့်တကွ အရာရှိညီအကိုတွေ အားလုံးမှ ကျေးဇူးအထူးတင်ရှိပါကြောင်း…

ပြပွဲမှ ကောက်ခံရရှိသည့် အလှူငွေ ပမာဏ အားပြောမပြနိုင်ပါ.. ကျွန်တော် အဆင့်နဲ့ ပြောပြခွင့်လည်းမရှိပါ.. ကွန်တော် သိလည်း မသိလိုပါ.. အားလုံးကလှူတာ ဖြစ်သည့်အတွက် တိုက်ခိုက်ပြောဆို ခြင်းရှိ ရင်လည်း ကျွန်တော့်ဘက်မှ ထပ်မံ ရှင်းပြလိမ့်မည် မဟုတ်ပါ… အလှူအတွက် အတိုက်အခံ လုပ်ချင်သပ ဆိုရင် ကိုယ့်ငရဲ ကိုယ်သွားမဲ့သူ လို့ သဘောထားလိုက်ပါ့မယ်.. ဆွေးနွေးချင်တဲ့ သူများ၊ မေးမြန်ချင်တဲ့သူများ ရှိပါက စီဘောက် မှာ ဆွေးနွေးမေမြန်းစေ လိုပါတယ်.. အားလုံး ကို လေးစားပါတယ်.. ကျေးဇူးတင်ပါတယ်..

























မှတ်တမ်း ဓာတ်ပုံများ



4 comments:

Unknown said...

Hi Thank you for your effort to rise "THAN SWE & FAMILY FUND"

Than Swe will be very proud of you..

T.S said...

ှSagu .. မင်းတို့ က မင်းတို့တွေ လှူမှ အလှူလို့ ထင်နေတာလား.. ရုရှားကလူတွေလည်း ကိုယ်တတ်နိုင်သလောက်လုပ်နေတာကို အသိအမှတ်ပြုသင့်တယ်ကွ ..။ အဲလိုမှမဟုတ်ရင် မနှောက်ယှက်နဲ့..။ လူလို့သိ.. ။

layaung said...

အလှူအတွက် အတိုက်အခံ လုပ်ချင်သပ ဆိုရင် ကိုယ့်ငရဲ ကိုယ်သွားမဲ့သူ လို့ သဘောထားလိုက်ပါ့မယ်..
THAT IS WHAT YOU SAID, I REALLY HOPE THAT DID NOT MEAN TO YOUR LEADERS (than shwe and ----,WHO BLOCKED ALL THE HELPS TO PEOPLE WHO SUFFERED FROM NATURAL DISASTER). BUT I GLAD WHAT YOU DID.

ကလိုစေးထူး said...

လမ်းပြကြယ်…
လင့်ခ်လာပေးထားပေမယ့် ဒီနေ့မှပဲ ဘလော့ဂ်တွေ လိုက်လည်ရင်းနဲ့ ၀င်ဖတ်ဖြစ်ပါတယ်။ မြန်မာပြည် မုန်တိုင်းဒဏ်အတွက် လှူတာဆိုရင် ဘယ်ကလှူလှူ အလှူပဲမို့ လှူနိုင်တဲ့လူမှန်သမျှကို အားပေးပါတယ်။ နောက်လဲ အဲဒီလိုပြပွဲမျိုးတွေ မလုပ်ဖြစ်ခဲ့တော့ရင်တောင် အလှူတွေ ထပ်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။