..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Tuesday, August 19, 2008

ဘ၀ကပေးတဲ့ သင်ခန်းစာ

အို….. အသင် လောကဓံ
ဘယ်အငြိုးအတေးတွေကြောင့် ရက်ရက်စက်စက် ရိုက်ခတ်လိုက်ရတာလဲ…
ဘ၀ဆိုတဲ့ ထွက်သစ်စ ပုရစ်ဖူးလေးတွေ နဲ့ စိုပြေနေတဲ့ အပင်ငယ်လေးပါ…
ဘာကြောင့် အညွန့်လေးကို မှ ကျိုးအောင်ချိုးလိုက်ရတာလဲ……
နူးညံတဲ့အတွေးအခေါ်တွေ ပေးပါဦးလား ပလေတို ရေ…
နူးညံအောင် သွန်သင်ပေးပါဦးလား…
ဘာလို့ဒီလောက် ပြင်းထန်လှတဲ့ အတွေးကို သင်ပေးရတာလဲ …
အကိုအောပိုးဇစ်အိုင်းပြောသလို ကိုယ်တိုင်တွေ့ကြုံပီးမှ ရတဲ့ သင်ခန်းစာမျိုးပေးခဲ့တာ
မခံယူတက်ပဲ အသင့် ကိုလွှဲချတာ ငါ့အတွေးတွေ မှားနေလို့လား…
ငါ့အတွေးတွေ မရင့်ကျက်သေးလို့ မင်းကိုလွှဲချမိတာလား….
ငါမခံယူတက်သေးဘူး လောကဓံ…
အသင့်ရဲ့ အတွေးသစ်တွေ သင်ပေးရလောက်အောင် ငါ လူတော်လဲမဟုတ်ပါဘူး…..


အော်… အသင် ကံတရား
နှစ်မျိုးထည်းသော အရာကိုသာပိုင်ဆိုင်တဲ့ မင်းဆီက ကံကောင်းခြင်းတစ်ခုကိုလဲ ငါမတောင်းတခဲ့ဖူးပါဘူး…
သာမာန်အတွေးလေးတွေနဲ့ ငါ ကျေနပ်နေတာပါ…
တစ်ခုတော့ အယူခံဝင်ပါရစေ.. ကို ကံတရားရေ…
နည်းနည်းတော့ သက်ညှာပေးပါ….
အတွေးသစ်တွေ ထပ်ထည့်ပေးတဲ့ လောကဓံ..
ပြောစရာလေး တစ်ခု ကျန်ခဲ့လို့…
အတွေးတွေ ရင့်ကျက်စေလို့ ကျေးဇူးတစ်ဇူးတင်တယ်ဗျာ…..


1 comment:

Unknown said...

ayan kg dae sar pite lay par. a date pal a myar kyi shi par dal.. dar pay mae, kan so dar ko, lu dwe ka phan tee nay dar par.. bal tu ma pyu , mi mi mhu so dae sagar lone shi par dal bya..