..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Monday, August 11, 2008

နောက်ဆုံးပိုင်ဆိုင်မှု….

(၁၃)ရာစု နှောင်းပိုင်းကာလ ရဲ့ မြေဆီခမ်းခြောက်မှု ကြုံခဲ့တဲ့ လူမျိုးနွယ်စု တစ်စုရဲ့အကြောင်းလေး တစ်ခုပါ….အရာခတ်သိမ်း လူအားလုံးရဲ့ စိုက်ပျိုးမြေဆီလွှာ ပျက်စီးပြီး အငတ်ဆိုးကဒ်ဆိုဒ်ရောက်နေတဲ့ အချိန်လေး တစ်ခုမှာ……လူတိုင်းလူတိုင် အငတ်ဘေးကြုံ၊ စိုက်ပျိုးမြေ မဖြစ်လို့ စိတ်ညစ်နေကြတယ်… လူမျိုးနွယ်စုရဲ့ အကြီးအကဲ ကိုယ်တိုင်လဲ ဘာမှအုပ်ချုပ်မှုအတွက် ဘာမှ အခက်အခဲတွေကြုံ.. ဘယ်နေရာမှာ ဘာပဲ စိုက်စိုက် အကုန်သေ နေတော့ သူလဲ စိတ်ညစ်တာပေါ့….
သူတို့အတွက် ဘယ်သူမှ ကယ်တင်ရှင်ဆိုတာ မရှိတော့တဲ့အခါ သူတို့ ဒီမြေကိုစွန့်ခွာသွားဖို့ အားလုံးသဘောတူညီမှု ယူခဲ့ကြတယ်.. သူတို့ဘယ်တွေကိုရွေ့ပြောင်းမလဲ .. သူတို့ရွေ့ပြောင်းတဲ့မြေကရော သူတို့ စိုက်ပျိုးတဲ့အရာတွေ အကုန် ဖြစ်ထွန်းမှာလား.. အဲဒီမြေကိုရော ဘယ်သူတွေ ပိုင်နေမှာလဲ.. ဘယ်သူတွေ နဲ့ ယှဉ်ပြိုင်ပီး လုယူရမှာလဲ.. ရာသီဥတု အတွက်ရော အားလုံးအဆင်ပြေမှာလား..
တစ်နေ့ သူတို့ဆီကို တောက်တောက်ပြောင်ပြောင် ၀တ်စုံနဲ့လူတစ်ယောက် ရောက်လာတယ်.. သူက သူ့ကိုယ်သူ မိတ်ဆတ်တယ်.. မြောက်ပိုင်းနယ်စားကြီးရဲ့ ကိုယ်ရံတော်ပါပေါ့.. သူဒီအငတ်ဘေးကို ဖြေရှင်းပေးနိုင်တယ်ပေါ့.. ဒီလူမျိုးစု ရဲ့စိုက်ပျိုးမြေအတွက်လဲ သူအားမ ခံတယ်ပေါ့.. လူမျိုးနွယ်စုအားလုံး မြောက်ပိုင်းဒေသ ကိုခရီးသွားပီး စိုက်ပျိုးမြေအတွက် နယ်မြေသစ်ကို ရှာဖွေနိုင်တယ်ပေါ့.. သူတို့အားလုံးအတွက်တော့ ဒီလူဟာ ဘုရားသခင် ရဲ့တမာန်တော်ပါပဲ… သူတို့အားလုံး ဒီမြေကို စွန့်ခွာပီး စိုက်ပျိုးမြေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ မြောက်ပိုင်းဒေသ ကို ခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်…
(၆)လလောက် ခရီးဆက်ပီးတော့ သူတို့ အတွက် စိမ်းလန်းပြီး စိုက်ပျိုးဖို့အတွက် အသင့်တော်ဆုံးမြေ နေရာကို ရှာတွေခဲ့တယ်… မြေကလဲ အကျယ်ကြီးပဲ.. သူတို့ စိုက်ချင်တဲ့ မျိုးစေ့ တွေကြဲချ စိုက်ပျိုးလို့ ရနိုင်လောက်အောင် ကိုကျယ်ပြန်တယ်…

ပြဿနာ တစ်ခု က ဒီမြေတွေကို ဘယ်သူ က ဘယ်လောက်ပိုင်တယ်ဆိုတာ ဘယ်လိုခွဲခြားသတ်မှတ်ပေးမလဲ… လူမျိုးစုရဲ့ခေါင်းဆောင်က စဉ်းစားလို့မရနိုင်သေးခင်မှာ သူတို့ မြေတွေရဲ့ အရှင်သခင်ဖြစ်တဲ့ မြောက်ပိုင်းနယ်စားရောက်ရှိလာတယ်….
သူသတ်မှတ်ပေးတာက ဒီမြေတွေ ဟာအရမ်းအရမ်းကို ဖြစ်ထွန်းတဲ့မြေပါပဲ… ဒီမြေတွေကို သူလဲ မပိုင်ပါဘူး.. ပိုင်ဆိုင်ချင်တဲ့ သူက သူပိုင်ချင်သလောက်ကို ပိုင်ဆိုင်ခွင့်ရှိပါတယ်… အတိုင်းအတာ တစ်ခုပဲ သတ်မှတ်ထားတယ်.. ဘာနဲ့တိုင်းတာသလဲ ဆိုရင် မြေကိုလိုချင်တဲ့သူက နေစထွက်ပီးဆိုတာ သူပိုင်ချင်တဲ့မြေနေရာက စပြီး ပြေးရပါ့မယ်.. သူပြေးနိုင်သလောက် က သူပိုင်တဲ့ မြေပါပဲ.. မှတ်တိုင်(၄)ခုကိုတော့ သူလိုချင်တဲ့မြေရဲ့ အရပ်လေး မျက်နှာမှာ စိုက်ထူထားခဲ့ရမှာ ဖြစ်ပါတယ်.. သူတစ်နေကုန်ပြေးလို့ နေမ၀င်ခင်မှာ သူစပြေးတဲ့ နေရာ ကို ပြန်ရောက်ဖို့တော့ လိုပါလိမ့်မယ်…. သတ်မှတ်ထားတာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ…
နောက်နေ့ဘယ်သူအရင်ဆုံးစပြေးမလဲ ဆိုရင်တော့ လူမျိုးစုရဲ့ခေါင်းဆောင် ဖြစ်တဲ့ သောမတ်ဂလေဇာ က အရင်ပေါ့… သူကအားလုံးရဲ့ခေါင်းဆောင်ဖြစ်တော့ သူ့ ကိုပဲ အရင်ဆုံးပြေးဖို့ ရွေးချယ်လိုက်တယ်.. အဲလို နဲ့ နောက်နေ့ နေစထွက်တဲ့အချိန်မှာ နယ်စားမင်း ရယ် သူနောက်လိုက်တွေ နဲ့ အတူ ရောက်ရှိလို နေပြီ… နယ်စားမင်း က သောမတ် ကို ပြောလိုက်တယ်.. “ဒီနေရာမှာ ဟောဒီက ငါ့ဦးထုပ်ချထားမယ်… မောင်မင်းဒီကနေ စပြီးပြေးပေတော့… မှတ်တိုင်တွေ စိုက်ခဲ့ဖို့လဲ မမေ့နဲ့ သောမတ်…တစ်ခုတော့ မှာလိုက်မယ်. နေမ၀င်ခင် မောင်မင်း ဒီနေရာကိုအရောက်ပြန်လာရမှာနော်..”
ကဲ… လူမျိုးစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သောမတ် စတင်ပီးပြေးပါပြီ… သူခြေလှမ်းတွေ က တကယ်ကို အားသွင်ခွန်စိုက်ပြေးလွှားနေတာပါ.. သူရှေ့မှာ တွေ့နေရတာကတော့ မိုးကုတ်စက်ဝိုင်းကြီး ပါပဲ … နေကလဲ ထွက်စပြုနေပါပီ… သူပြေးနေတာ က တကယ်မြင်းရိုင်းတစ်ကောင်ပြေးနေသလိုပါပဲ… သူစိတ်ထဲမှာလဲ တွေးနေမိတယ်.. “ဒါငါ့မြေတွေ.. ငါပိုင်မဲ့ ငါ့မြေတွေပဲ .. ငါဒီမြေမှာ ဂျုံတွေ စိုက်မယ်.. ပေါင်မုန့်အတွက် အကောင်းဆုံး ဂျုံတွေ ကိုစိုက်မယ်.. အကောင်းဆုံးပေါင်မုန့်တွေ ဖြစ်နေရမယ်…” … သူနဖူးက ချွေးတွေ စတင်ထွက်နေပီ.. သူခြေလှမ်းတွေ ကတော့ အားမာန်အပြည့်ပဲ.. သူနောက်ကို လှည့်ကြည့်လိုက်တယ်.. သူစထွက်လာတဲ့ နေရာကို သူမမြင်ရတော့ဘူး… အတော်ဝေးဝေးမှာ ကျန်နေခဲ့ပြီ.. သူဆက်ပြေးတယ်.. ပြီးတော့ မှတ်တိုင်တစ်ခု စိုက်လိုက်တယ်… ပီးတော့ လက်ယာဘက်ကို မျက်နှာမူပီး ဆက်ပြေးလိုက်တယ် .. နေမွန်းတည့်သွားပီ… သူ့အပြေးတွေ မရပ်သေးဘူး.. သူခြေလှမ်းတွေ ကလဲ ဆက်ပြီး ပြေးနေဆဲပါ.. သူအတွက်မြေကို သူလိုချင်နေတယ်.. သူဆက်ပီးပြေးနေချင်သေးတယ်..သူမရပ်ချင်သေးဘူး… အတော်အတန်ကြာတော့ သူ ရပ်လိုက်တယ်..ပြီးးတော့ မှတ်တိုင် တစ်ခု ကို ထပ်စိုက်လိုက်တယ်… ပြီးတော့ သူခဏ နားလိုက်တယ်… သူဆက်ပြေးဖို့အတွက် သူ့မှာ အားအင်တွေ ကျန်နေသေးတယ် …. ပြီးတော့ သူပြေးခဲ့တာ တွေ အတွက်လဲ ဂုဏ်ယူမိတယ်… သူဟာ မြေအများကြီး ပိုင်နေခဲ့ပီလေ…
နောက်ထပ်ခြေလှမ်းသစ်အတွက် သူအသက်ရှုသွင်းလိုက်တယ်… နေကလဲ ခြစ်ခြစ်တောင်ပူလောင်နေပါပြီ… နေမွန်းတည့်လဲ ကျော်သွားခဲ့ပြီ…ကဲ ကျန်ရှိတဲ့ ခရီးတစ်ဝက် ကို စတင်ပီးပြေးနေပါပီ…သူပင်ပန်းနွမ်းနယ်လာတာတော့ အမှန်ပါပဲ.. သူထင်ထားသလောက်တော့ သူခြေလှမ်းတွေ မမြန်တော့ဘူး ဆိုတာ သူမသိသေးပါဘူး.. သူပြေးတော့ပြေးနေတယ်.. နေကလဲ တစ်ဖြေဖြေနဲ့ စောင်းလာတာ ဆောင်းတွင်း နေလိုပေါ့… နေ၀င်တာ မြန်မယ် ဆိုတာ သူသတိထားမိတဲ့အချိန်မှာ သူတတိယမှတ်တိုင်ကို စိုက်နိုင်ခဲ့ပြီ.. ပန်းဝင်ဖို့ နေရာကို သူခြေလှမ်းတွေ ဦးတည်လိုက်ပါပြီ.. သူမှာ ကျန်ရှိတဲ့ အင်အားနဲ့ နယ်စားမင်းရဲ့ ဦးထုပ်ဆီကို သူရောက်နိုင်ပါဦးမလား .. ပုံမှန်ဆိုရင်တော့ ရောက်ရှိနိုင်ပါတယ်.. ဒါပေမဲ့ သူ့အတွက် အချိန် ဆိုတာ ရှိသေးတယ်လေ.. တကယ်လို့ နေများဝင်သွားရင် သူပြေးခဲ့တာ တွေအတွက် သူမရတော့ဘူးပေါ့.. သူ့ကိုလဲ အားလုံးက ကဲ့ရဲ့တော့မှာပေါ့.. သူထိပ်လန့်လာတယ်.. ဒါပေမဲ့ သူ့ခြေလှမ်းတွေ ရွေ့နေသေးတယ်.. သူအမြန်နှုန်းကို တင်ပြီး သူဆက်ပြေးနေတယ်.. သူနေမ၀င်ခင်ရောက်နိုင်မလား… ဆောင်းနေကလဲ တဖြည်းဖြည်းနဲ့ အောက်ကို ပြိုဆင်းလာနေပီ.. သူမောပန်းလာပြီ... တစ်ချိန်ထဲမှာပဲ သူထိပ်လန့်လာပြီ… သူခြေလှမ်းတွေ လဲ ယိုင်နဲ့နေပြီ.. အသက်ရှုလဲ မ၀သလို ခံစားနေရပြီ… သူအသက်ကို ပြေးရင် ရှုရှိုက်နေရတာ မောလှပြီ.. သူအတွက်ပန်းတိုင်ကို မမြင်ရသေးဘူး… နေကလဲ ၀င်တော့မယ် … သူ့ဘာဆိုဘာမှ မမြင်နိုင်တော့ဘူး … သူ့မှာ ပန်းတိုင်ကိုရောက်ဖို့အတွက် ဦးတည်ချက်တစ်ခု ပဲ ရှိတော့တယ်.. သူဘာကိုမှလဲ ဂရုမစိုက်နိုင်တော့ဘူး.. သူခြေလှမ်းတွေကိုလဲ အရင်ကလောက် မသွက်တော့မှန်း သူသိနေတယ်.. သူ့အတွက် အချိန်ဆိုတာ မကျန်တော့ဘူး … နေကလဲ ၀န်ရိုးစွန်းကို မေးတင်နေပြီလေး ..
ဟော .. ခပ်လှမ်းလှမ်းမှာ .. နယ်စားမင်း နဲ့ အပေါင်းအပါတွေ သူ့ကိုစောင့်နေတဲ့ တဲလေး ကို သူမြင်သွားပြီ... သူ့ခြေလှမ်းတွေ ကတော့ နှေးကွေးနေဆဲပါ.. သူဘယ်လောက်ပဲ တင်ပြီးပြေးပြေး သူ့ခြေလှမ်းတွေ က မသွက်တော့ဘူး.. ပြီးတော့ သူ့ရဲ့ အသက်ရှုသံ ကလဲ ပုံမှန်မဟုတ်တော့ဘူး .. သူ့မျက်ဝန်းမှာ လဲ မျက်ရည်တွေ ကျလာနေပြီ..နယ်စားမင်း နဲ့ အပေါင်းအပါ တွေလဲ သူ့ကို လှမ်းကြည့်နေတာ တွေ့နေရတယ်… ဒေါင်းမွေးထိုးထားတဲ့ နယ်စားမင်းရဲ့ ဦးထုပ်ကိုလဲ မြင်နေရပြီ.. သူရောက်တော့ဖို့ဘယ်လောက်မှလဲ မလိုတော့ဘူး… ဟော.. သူလဲကျသွားပြီ.. ပန်းတိုင်ကို မရောက်သေးဘူး.. သူကုန်းထတယ်… သူ့ကို အားပေးတဲ့ သူ့လူမျိုးစု ရဲ့ အသံတွေကိုလဲ နားထဲမှာ မကြားရတော့ဘူး… သူ့ခြေလှမ်းတွေ ယိုင်နဲ့ နေပါပြီ.. သူဦးထုပ်ဆီကို ရောက်တော့မှာပါ… သူ့မျက်လုံးထဲမှာ ဦးထုပ်ကလွဲလို့ အရာအားလုံးကို မမြင်တော့ပါဘူး.. သူ့ရဲ့အသက်ရှုသံတွေ ရပ်တန့်တော့မှာလား… သူလဲကျသွားပြန်ပြီ.. သူလေးဘက်ထောက်ပီး ဦးထုပ်ရှိရာကို လာနေပါတယ်.. နယ်စားမင်း ရဲ့ အသံကို လဲ သူကြားလိုက်ရတယ်… ဦးထုပ်ကို ထိလိုက်ရုံနဲ့ မောင်မင်းပြေးခဲ့သမျှက မောင်မင်းပိုင်တဲ့ မြေတွေဖြစ်သွားပီလို့.. နေကလဲ တစ်ဖြေးဖြေးနဲ့ ၀င်သွားပါပြီ… သူလက်တွေကလဲ နယ်စားမင်းရဲ့ ဦးထုပ်ကို လှမ်းထိလိုက်ပါပြီ.. သူအောင်မြင်သွားခဲ့ပါပြီ… ဟေး ဆိုတဲ့ အော်သံ ကြီးတစ်ခု ကို သူနောက်ဆုံးကြားလိုက်ရပါတယ် .. ပြီးတော့ သူဘ၀ ကြီးအမှောင်ထု ကျသွားခဲ့ပါပြီ…
နောက်တစ်နေမှာ သူ့ရဲ့ အသုဘအတွက် သူပိုင်တဲ့မြေနေရာမှာ သူ့ကို မြေမြုပ်သင်္ဂျိုလ်ရဖို့ နယ်စားမင်းကိုယ်တိုင် ရောက်လာပါတယ်… သူ့ကို မြေမြုပ်ပြီးတဲ့နောက်မှာ နယ်စားမင်း က သောမတ်ဂလေဇာအတွက် စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်… “အော်..သောမတ်.. မောင်မင်း ဘယ်လောက်ပဲ ပြေးခဲ့၊ ပြေးခဲ့.. နောက်ဆုံးတော့ မောင်မင်းပိုင်တဲ့မြေက ၈ပေ ၊ ၆ပေ ကျွင်းတစ်ကျွင်းပါပဲလား…”တဲ့…….

No comments: