..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Saturday, April 12, 2008

ပျော်ရွှင်ပါစေ….. သင်္ကြန်ရေ

သင်္ကြန်တဲ့ …. ပျော်စရာကောင်းသော သင်္ကြန်… နှစ်သစ်ကူးသင်္ကြန်… မြန်မာတို့ရဲ့ သင်္ကြန်… အားလုံးသော သူများ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း … ဒီသင်္ကြန်ပို့စ်လေးကို တင်လိုက်ပါရစေ…….

သူများတွေပျော်တော့ ကိုယ်လည်း ပျော်ချင်တာပေါ့ …. ကိုယ်လည်း လူငယ်ပဲလေ .. ဒါပေမဲ့ ဘယ်လိုပျော်ရမလဲ .. ဘယ်လိုပျော်ချင်လဲ လို့ မေးရင် လက်ရှိ အခြေအနေနဲ့ ကိုယ်ပျော်ချင်သလို ပျော်နိုင်မှာမှ မဟုတ်တာ … ဘာရယ်မှန်းမသိပဲ ပြီးသွားတဲ့ သင်္ကြန်တွေ များလွန်းလို့ ဒီပို့စ်ကို ဘယ်လိုရေးရမှန်းတောင် မသိခဲ့တာ အမှန်ပါ…. လူတိုင်းသင်္ကြန်မှာ လည်ချင်မှာပေါ့… လူကြီးသူမ တွေရဲ့ စိတ်ကိုတောင် ညိုငင်ဆွဲဆောင်နိုင်စွမ်းရှိတဲ့ သင်္ကြန်ပဲ မဟုတ်လား …. လူငယ်တွေ မဏ္ဍပ်တိုင်းကို ကားတွေနဲ့ လည်ကြ၊ ရေလောင်ခံကြ အားကြီးပျော်ဖို့ကောင်းတယ်ဆိုပဲ ….. ပျော်ဖူးကြလား .. အမှန်အတိုင်း ၀န်ခံတယ်ဗျာ .. ကျွန်တော် မလည်ဖူးဘူး …ကောင်မလေးကတောင် ဒီနှစ်သူနဲ့ အတူလည်ရမယ်လို့ ခေါ်သေးတယ်..ဟဲဟဲ…. ပျော်ခဲ့ပါတယ် သင်္ကြန်ဆိုတာကြီး ကို …. ယိမ်းတွေ ကနေတဲ့ မဏ္ဍပ်ကြီးရှေ့မှာ ကပြနေတဲ့ ယိမ်းတွေကို ကြည့် ၊ လက်ခုပ်တီး အားပေး ယောင်ယမ်းလို့ ပန်းကုန်းတောင် တက်မစွပ်ဖူးခဲ့ဘူး … အကကောင်းတဲ့ ယိမ်းတွေကိုတော့ ဆုချဖူးတာပေါ့ ….ကားပေါ်မှာ ခုန်လိုက်၊ကလိုက် မဏ္ဍပ်တွေရှေ့မှာ ရှိုတ်ချင်တာပေါ့… လူငယ်လေဗျာ .. ဟုတ်ဘူးလား …အဲ ရေလောင်းတာကျတော့လည်း ဆရာတွေ လူကြီးသူမတွေ ကို ငွေဖလားနဲ့ ပိတောက်ရနံ့နဲ့ တဖြေးဖြေးချင်းလောင်း အဖိုးအဖွားတွေကို ခေါင်းလျှော်ပေး..လိုအပ်တာတွေ လုပ်ပေးကိုင်ပေးပေါ့.... အင်း…….ကိုယ်လည်း…ချစ်သူမျက်နှာလေး ကို တစ်စိမ့်စိမ့် ကြည့်ပြီး တစ်စက်ချင်း လောင်းချင်တာပေါ့ ….သူများတွေလိုပဲလေ … လူငယ်ကိုး…. သောက်ကြမူးကြတာတော့ လူငယ်သဘာဝပဲလေ… မူးပြီး ရမ်းကားစရာတော့ မလိုပါဘူး .. အားလုံးရဲ့ စိတ်ထဲမှာ ရက်မြတ်သင်္ကြဆိုတာ သိထားသင့်တယ်လေ…. အဲ… ဒီလိုနဲ့ နှစ်ဆန်းတစ်ရက်နေ့ရောက်သွားတော့ မြန်မာတို့ရဲ့ ချစ်စဖွယ် အလေ့အထတွေကို တွေမြင်ကြရမှာပဲ …. ဘုန်းကြီးကျောင်းတွေ မှာ ဥပုသ်သီလယူကြ .. ဘုရားသွားကျောင်းတက်မြင်ကွင်းတွေပေါ့ … အရမ်းကြည်နူးဖို့ကောင်းပါတယ်… ကျွန်တော်ဆိုရင် သူငယ်ချင်းတွေနဲ့ ဘိုးဘွားရိပ်သာ မှာ အဖိုး၊အဖွားတွေအတွက် ကုသိုလ်ဆွမ်း ပေးကမ်းတယ်.. ခေါင်းလျှော်ပေး ၊ အစစ အရာရာပေါ့ …သီလယူ ဥပုသ်စောင့်တာလည်း ကောင်းတယ် … ကုသိုလ်ရတာပေါ့ .. နှစ်ဆန်းတစ်ရက်နေ့ဆိုတာကြီး ပြီးမှပဲ သက်ပြင်းချရတော့တယ်ဗျာ .. ရှေ့ဆက်ရမဲ့ တာဝန်တွေအတွက်…. ကျွန်တော်ကို သင်္ကြန် အကျနေ့မှာမွေးတာပါ… ကျွန်တော် သင်္ကြန်ကို စည်းမဲ့၊ ကမ်းမဲ့ မပျော်ဖူးပါဘူး … ကျွန်တော့ရဲ့ ညီအကို မောင်နှမ သူယ်ချင်းများ အားလုံးလဲ သင်္ကြန်ကို အိန္ဒြ၊ သိက္ခာရှိရှိ လည်ကြ ၊ ကဲကြ၊ ရှိတ်ကြပါလို့ သတိပေး ပြာဆိုလိုပါတယ်…. အားလုံးပဲ ကျွန်တော် မွေးနေ့မှာပျော်သလို မြန်မာတိုရဲ့ မဟာရက်မြတ်သင်္ကြန်မှာ ပျော်ရှင်ကြည်နူး နိုင်ကြပါစေလို့ ဆုတောင်းရင်……………..

No comments: