..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Tuesday, April 15, 2008

ဒသနစာစု

  • လူတစ်ယောက် ပြေးနေတာကို ကြည့်ပါ… အဲဒီလူ ဘယ်လောာက်မောနေလဲ ဆိုတာ…. သူရဲ့ ဇွဲ၊ လုံးလ ကို သိရလိမ့်မယ်….
  • စစ်တုရင် ပြိုင်ပွဲ က ပြိုင်ပွဲ မပြီးသေးပဲ အရှုံး နဲ့ ရင် ဆိုင်ရတော့မယ့် လူတစ်ယောက်ရဲ့ သူ ရွှေ့နေတဲ့ ကစားကွက်တွေ ကို အထင်သွား မသေးလေနဲ့… သူ့မှာ အတွေ့အကြုံနဲ့ တည်ငြိမ်မှုတွေ အပြည့် ရှိသေးတယ်….
  • အလေ့အကျင့် ဆိုတာ သတိပေါ်မှာ မူတည်တယ်…. Right Click ထောက်ပြီး Refresh ပေးတာကလည်း အလေ့အကျင့်ပဲ….
  • ဒိန်ခဲ ကို ခဏခဏ နမ်းကြည့်ပါ… အဲဒါမှ မှိုတက်၊ မတက် သိရမှာ…
  • လူတစ်ယောက်ရဲ့ ပုံတစ်ပုံ ကိုကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ကို ၂၅% ပဲ သိရမယ်… သူရဲ့ အသံကို ကြားရရင် ၃၅% သိရမယ်… သူရဲ့ လှုပ်ရှားမှုတွေ ကိုတွေ့နေရရင်တောင် ၅၀% ပဲသိရမယ်… သူမိဘက ၉၀% သိမယ်… သူကိုယ်တိုင်ကပဲ ရာနှုန်းပြည့် သိလိမ့်မယ်….
  • အပြစ်ကင်းတဲ့ မျက်နှာ ပိုင်ရှင်ဆိုတာ ကိုယ့် ကိုရီပြနေတဲ့ (၆) လသား ကလေးလေးပဲ…

No comments: