..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Thursday, April 24, 2008

ဒဿန စာစု(၂)

၁) ကျောခိုင်းကို ထွက်သွားတဲ့ လူတစ်ယောက် ကို လိုက်မခေါ်နဲ့… ရပ်နေလိုက်.. ကမ္ဘာကြီးက လုံးနေတာ.. ကို့ဆီပြန်ရောက်လာလိမ့်မယ်…

၂) ငိုနေတဲ့ ကလေးကို မုန်ကျွေးလိုက် .. ကလေးသာမှန်ရင် တိတ်သွားလိမ့်မယ်..

၃) ရန်သူတစ်ထောင် မသိစေချင်တဲ့ စကားတစ်ခွန်းကို မိတ်တွေတစ်ယောက်ဆီကို ဘယ်တော့မှ မပြောနဲ့…..

၎) အမှန်တွေပြောတော့ နှစ်သက်တဲ့ အခါ စကားပြောကောင်းတယ်တဲ့.. မနှစ်သက်ပြန်တော့ ရိုင်းတယ် တဲ့…

၅) အဖြေက သုံည ရမယ်သိသိကြီးနဲ့ တွက်နေရတဲ့သင်္ချာ ပုစ္ဆာတွေ တော့ရှိတယ်.. လက်တွေ့မှာတော့ သွားမတွက်မိစေနဲ့..သချာင်္မဟုတ်ဘူး…ဒါ ဘ၀…

၆) လူတစ်ယောက်ကို ဥပေက္ခာပြုခြင်းဆိုတာ အကောင်းဆုံး အပြစ်ပေးခြင်းပဲ….

၇) မင်းမသိတဲ့ အကျိုးရှိမဲ့ စကားတစ်ခွန်းကို ပြောပြလိုက်ရင် အာစရိယဂိုဏ်း ၀င်သွားပြီ.. သူက မင်းရဲ့ ဆရာပဲ…

၈) ငါ့ကို ချစ်တဲ့သူဆိုလို့ ဒီကမ္ဘာမှာ တစ်ယောက်ပဲ ရှိတယ် … ငါကိုယ်တိုင်ပဲ..

၉) တစ်ယောက်စိတ်ကို တစ်ယာက်ထွင်းဖောက်သိမြင်နေတာ.. အဲဒါနားလည်မှု… တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်တာ.. အဲဒါ သိတက်မှု… အချစ်ဆိုတာ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ကြားနေတာ.. အဲဒါ ရူးသွပ်မှု…

No comments: