..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Thursday, April 17, 2008

ဟာသအတွေး..

တစ်နေ့မှာ လူတစ်ယောက်ဟာ မြက်ခင်းပြင်ပေါ်မှာ လှဲ တိမ်တွေ ကိုမော့ကြည့် ပြီး ကောင်းကောင်းကြီး အနားယူနေတယ်… ရောက်တက်ရာရာ စဉ်းစားရင်းပေါ့ .. သူမှာ စကားပြောမယ့် အဖော်မရှိဘူး …အဲဒီမှာ ရုတ်တရတ်သူစဉ်းစားမိတယ်......

ဘုရားသခင်နဲ့ စကားပြောဖို့ သူ စဉ်းစားလိုက်တယ် … ပြီးတော့ သူက ဘုရားသခင်ကို စပြီး စကားပြောလိုက်တယ် ..

“ အို.. ဘုရားသခင်…. နှစ်သန်းပေါင်းများစွာ ဆိုတဲ့ အချိန်ဟာ ဘယ်လောက်ကြာပါသလဲ” ဆိုပြီးတော့..

အဲဒီမှာ ဘုရားသခင်က ပြန်ပြောတယ် ….

“ငါ ဘုရားသခင်ရဲ့ အယူမှာတော့ တစ်မိနစ်သာ ကြာမြင့်တယ်.. သားငယ်.”….

အဲဒီမှာ လူငယ်ကစဉ်းစားတယ်… ပြီးတော့ သူ ဘုရားသခင် ကိုထပ်ပြီး မေးတယ်….

“ဒေါ်လာသန်းပေါင်းများစွာ ကရော ဘယ်လောက်တန်ဖိုးရှိလဲ… ဘုရားသခင်”…ဆိုပြီးတော့

အဲဒီမှာ ဘုရားသခင်ကလည်း မဆိုင်းမတွ ချက်ချင်း ပြန်ဖြေလိုက်တယ်…

“ အို.. သားငယ်.. တစ် ပဲနီ( penny) သာတန်ဖိုးရှိတယ်ကွဲ့.”…. လို့

အဲဒီမှာ လူငယ်က ဘုရားရှင်ကို ထပ်မေးပြန်တယ်“ ဒါဆို ..လူသားတွေ အပေါ်မှာမေတ္တာ ဂရုဏာ ထားတော်မူတဲ့ ဘုရားသခင်…. သားတော် ကို တစ်ပဲနီလောက် ပေးသနားတော်မူနိုင်လား..”

ဘုရားသခင်က ချက်ချင်းပြန်ပြောလိုက်တယ်…

“တစ်မိနစ်အတွင်း ငါဘုရားသခင် ပေးမယ် ..” လို့ ပြန်ဖြေလိုက်တယ်….

No comments: